တရားနာရခြင်းအကျိုး
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားနာခြင်း၏ အကျိုး(၅)ပါးတို့ကို ဟောတော်မူသည်။
ရဟန်းတို့ တရားနာကြားခြင်း၏ အကျိုး (၅) ပါးရှိသည်။ ယင်းတို့မှာ -
(၁) တရားနာသူသည် မကြားဖူးသော တရားကိုကြားနာရခြင်း။
(၂) ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာသိရခြင်း။
(၃) ယုံမှာသံသယ ကင်းရှင်းခြင်း။
(၄) အယူအဆ ဖြောင့်မှန်ခြင်း။
(၅) စိတ်ကြည်လင်ခြင်း။ ဟူသော အကျိုးငါးပါးကို ဟောတော်မူ၏။

0 comments:
Post a Comment