ကိုးကွယ်ရာအမှန်
လောကမှာမြင့်မြတ်တဲ့နေရာမှာရှိတဲ့လူသားတွေအတွက်“ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ဓမ္မံသရဏံဂစ္ဆာမိ၊သံဃံ
သရဏံဂစ္ဆာမိ”ဆိုတဲ့ရတနာမြတ်သုံးပါးသာလျှင်ကိုးကွယ်ရာအမှန်ဖြစ်ပါသည်။ရတနာမြတ်သုံးပါးကို
ကိုးကွယ်ခြင်းဟာဘေးကင်းတယ်၊မြင့်မြတ်တယ်။အလုံးစုံသောသံသရာဒုက္ခမှကင်းလွတ်ရာနိဗ္ဗာန်ကို
လည်းရတနာမြတ်သုံးပါးအပေါ်ယုံကြည်မှုမရှိဘဲမရနိုင်ပါ။ဒါကြောင့်ရတနာမြတ်သုံးပါးလို့ခေါ်လို့ရတဲ့
သရဏဂုံသုံးပါးသည်သာလူသားတို့အတွက်ထိုက်တန်သောမြင့်မြတ်သောစစ်မှန်သောကိုးကွယ်ရာ
ဖြစ်ပါသည်ဟုမြတ်စွာဘုရားရှင်ကဟောကြားတော်မူခဲ့ပါသည်။လောကတွင်ဒါန၊သီလ၊သရဏဂုံမြဲ
လျှင်နတ်တို့သနင်းသိကြားမင်းကြီးသည်ပင်လူသား(လူဝတ်ကြောင်)တို့ကိုရှိခိုးရပါတယ်။သိကြား
မင်းကသူရဲ့ဗိမာန်တော်ဝကနေအောက်လူ့လောကဆီသို့လက်အုပ်ချီးမိုးရှိခိုးနေတာကိုသူ့ရဲ့အစေ
အပါးမာတလိနတ်သားမြင်တော့“အရှင်သိကြားမင်း၊ရှိခိုးရင်းရှိခိုးတစ်လောကလုံးမှာရှိတဲ့သူတွေက
သာလျှင်အရှင်သိကြားမင်းကိုရှိခိုးရမှာပါ။အရှင်သိကြားမင်းရှိခိုးရမယ့်သူလောကမှာရှိသေးလို့လား”
မေးတော်မူသောအခါသိကြားမင်းက“ယေဂဟဋ္ဌာပုညကရာ၊သီလ၀န္တောဥပါသကာ။ဓမ္မေနဒါရံပေါ
သေန္တိ၊တေနမဿာမိမာတလိ”စသည်ဖြင့်ပြန်လည်ဖြေကြားခဲ့ပါတယ်။အဓိပ္ပါယ်က“လောကမှာ
(၁)အလှူဒါနစတဲ့ကုသိုလ်ကောင်းမှုအမြဲပြုလုပ်နေတဲ့သူတွေ၊(၂)ငါးပါး၊ရှစ်ပါးစတဲ့ကိုယ်ကျင့်သီလ
အမြဲစောင့်ထိန်းနေတဲ့သူတွေ၊(၃)ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာမြတ်သုံးပါးကိုအမြဲယုံကြည်ကိုး
ကွယ်ဆည်းကပ်နေတဲ့သူတွေ၊(၄)သားသမီး၊ဇနီးမယားကိုတရားသဖြင့်အမြဲပြုစုလုပ်ကျွေးနေတဲ့သူ
တွေရှိတယ်။အဲဒီလိုလူပုဂ္ဂိုလ်တွေကိုငါသိကြားမင်းကရှိခိုးနေတာမာတလိနတ်သား”လို့ဖြေကြား
တော်မူပါတယ်။အထက်ဖော်ပြပါအရည်အချင်းတွေနဲ့ပြည့်စုံလို့သိကြားမင်းကပင်လျှင်ရှိခိုးရမှတော့
သူ့တပါးလက်ပါးစေနတ်တွေလည်းလူသားတွေကိုရှိခိုးကြတော့မှာပါ။ဒါလောက်ဆိုရင်လူသားနဲ့နတ်
ဘယ်သူမြတ်သလဲဆိုတာသိသင့်ပါပြီ။သို့သော်လည်းလူသားတွေကယခုအခါမိမိတို့ထက်အဆင့်အ
တန်းနိမ့်ကျလှတဲ့နတ်တွေကိုရှိခိုးဦးတိုက်နေကြတာဟာအံ့သြစရာတွေဖြစ်နေပါတယ်။အမြင်မတော်
လှပါဘူး။ရှင်ဘုရင်ကကျွန်ကိုရှိခိုးနေတာနဲ့တူပါတယ်။ကိုယ်ကိုတိုင်ရိုးရိုးသားသားနဲ့ကြိုးစားစီးပွားရှာ
လို့ကြီးပွားချမ်းသာအောင်မြင်လာတာကိုနတ်တို့ကမစလို့ဆိုပြီးကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုသူတစ်
ပါးထံပုံချနေကြတဲ့နတ်ယုံကြည်မှုဝါဒတွေအတွက်သနားစရာကောင်းလှပါတယ်။
အမှန်တော့သူတို့ကမစတာမဟုတ်ပါဘူး။သူတို့အားကိုးကွယ်နေသူသာလျှင်ဒုက္ခပေးတတ်ပြီး၊မကိုး ကွယ်သူကိုဒုက္ခမပေးတတ်ပါဘူး။အခြေအနေအရပ်ရပ်ကြောင့်နတ်တွေ၊ဘိုးတော်တွေ၊ဘရသေ့
တွေကိုကိုးကွယ်နေကြတဲ့လူသားတွေအတွက်“သူတို့သာလျှင်ငါတို့ရဲ့ကိုးကွယ်ရာပဲ”လို့ခံယူမိသွားရင်သရဏဂုံပျက်လို့မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်ပါတယ်။
အမှန်တော့အနန္တောအနန္တငါးပါးထဲမှာပင်ရတနာသုံးပါးနဲ့မိဘဆရာတို့ကိုသာတွေ့ရပြီးနတ်စတာတွေမပါရှိပါဘူး။ထို့ကြောင့်နတ်ဆိုတာတွေကိုကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာတွေရတနာသုံးပါးဆရာမိဘတို့ကိုနေ့စဉ်ရှိခိုးဦးချပုံမှန်ပြုစုလုပ်ကျွေးနေသူလောက်မမြင့်မြတ်ပါဘူး၊လူဖြစ်ရကျိုးလည်းနပ်မှာမဟုတ်ပါဘူး။တကယ်တမ်းနတ်တွေရဲ့ကူညီစောင့်ရှောက်မှုကိုလိုချင်လျှင်သူတို့ကိုကိုးကွယ်ဆည်းကပ်ရမှာမဟုတ်ပါဘူးမေတ္တာပို့သပေးရမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ရတနာသုံးပါးဦးထိပ်ထား၍ကိုးကွယ်ရာအစစ်အမှန်ကိုကိုးကွယ်ဆည်းကပ်နိုင်ကြပါစေ။

0 comments:
Post a Comment