ဝါကျွတ်ကန်တော့ပန်း
ဝါကျွတ်ကန်တော့ပန်း ဆိုလို့ဝါတော့မကျွတ်သေးပါဘူး။ ခုမှဝါ၀င်ခါစဘဲရှိပါ
သေးတယ်။ ၀ါကျွတ်ကန်တော့ပန်း ဆိုတဲ့ ကဗျာလေးကိုစာဆိုမင်းသုဝဏ်က
ပြင်သစ်မှာ ရေးခဲ့တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကိုဖော်ပြလိုက် ရတဲ့အ
ကြောင်းရင်းကတော့ခုလို ၀ါတွင်းကာလမှာ ကျွန်တော့်မိသားစုကထည့်လိုက်
တဲ့စာထဲမှာဝါကျွတ်မိသားစုကန်တော့ပွဲနဲ့ဝေးကွာနေပြီးဝေးတနေရာရောက်
နေတဲ့ကျွန်တော့်ဆီကိုလွမ်းဆွတ်သတိရစွာဖြင့်ရေးလိုက်တဲ့စာလေးထဲမှာဆ
ရာမင်းသုဝဏ်၏ကဗျာလေးကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ်။မိသားစုနဲ့ခွဲခွာ
ပြီးဝေးတနေရာရောက်နေတဲ့ညီအစ်ကိုမောင်နှမများကိုလည်းကျွန်တော်နဲ့
ထပ်တူခံစားနိုင်ရအောင်ဒီကဗျာလေးကိုပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးရဲ့ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ။
“၀ါကျွတ်ကန်တော့ပန်း”
မလာဖြစ်နိုင်ဘု
ဝါခေတ် တစ်ခါကုန်တော့
မီးရောင်စုံ ကျွတ်သီတင်းကိုလ
ရင်တွင်းက ပူဆာဆာ။
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအိုတ ရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
နတ်ညီနောင် စားဖိုကြားဆီက
မွန်းစာဆို ဘယ်ကိုသွားတယ်လို့
လှေကားကို သူတို့မေးပြန်တော့
ဆိုတေးသံ မကြားတာဖြင့်
တစ်ဝါ နှစ်ဝါသို့လျားပေါ့လို့
လှေကားက အဖြေလာ
စာဆိုမောင့် ငယ်ပေါင်း။
မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တစ်မြေခြားမှာလ
ဖ၀ါး ယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တစ်ဝါ သည်တစ်မိုးကိုတော့
ကြိုးစားကာ စာဆိုခဲ့လျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူယောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့် တ ပေတော့
ဝေးကပန်တောင်း။ ။
မင်းသုဝဏ်
ကျေးဇူးရှင်မိဘနှစ်ပါးနှင့်မိသားစာအားလုံးကိုအမြဲသတိရစွာဖြင့်ကျန်းမာချမ်းသာပါ
စေလို့ဆုတောင်းရင်းနဲ့ဝါကျွတ်ကန်တော့ပန်းလေးနဲ့ဝေးတနေရာမှသားကန်တော့
လိုက်ပါတယ်။

0 comments:
Post a Comment