* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 29, 2009

သင် မည်သူ့ကို လှူမည်နည်း...

ယဇမာနသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထားလေ၏-

''အသျှင်ဘုရား ပူဇော်ကုန်သော လူတို့၏ လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏ လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အဘယ် ပုဂ္ဂိုလ်၌ လှူသည်ရှိသော် အကျိုးကြီးပါသနည်း'' ဟု လျှောက်၏။

''ကျင့်ဆဲဖြစ်ကုန်သော (မဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း၊ ဖိုလ်၌ တည်ကုန်သော (ဖလဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည် လည်းကောင်း ဤရှစ်ယောက်သော (အရိယာ) သံဃာသည် ဖြောင့်မတ်စွာ ဖြစ်၏၊ ပညာ, သီလ, သမာဓိနှင့် ပြည့်စုံ၏။

ပူဇော်ကုန်သော လူတို့၏ လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏ လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အရိယာ သံဃာ၌ လှူသည်ရှိသော် အကျိုးကြီး၏'' ဟု မိန့်တော်မူ၏။ 262

၆ - ယဇမာနသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP