* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 9, 2009

၃။ အာသယာနုသယဉာဏ်တော်

ရောင်တော်စေတီ
အာသယာနုသယဉာဏော အနန္တော ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု ဇယမင်္ဂလံ။

  • နီလဉ္စေဝ ပီတဉ္စာပိ၊ လောဟိတဉ္စ ပဘဿရံ၊ သြဒါတဉ္စေဝ မဉ္စိဋ္ဌံ သဒါဗုဒ္ဓံ အဟံနမေ။
  • ဒိဝါတပတိ အာဒိစော၊ ရတ္ထိမာဘာတိ စန္ဒိမာ၊ သန္နဒ္ဓေါ ခတ္တိယောတပတိ၊ ဈာယီတပတိ ဗြဟ္မဏော၊ အထသဗ္ဗ မဟောရတိံ္တ၊ ဗုဒ္ဓေါတပတိ တေဇသာ။
  • ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊ နတေဂမိဿန္တိ အပါယံ၊ ပဟာယ မာနုသံဒေဟံ၊ ဒေဝကာယံ ပရိပူရေဿန္တီတိ။
  • အတီတံနာနွာဂမေယျ၊ နပ္ပဋိပင်္ခေ အနာဂတံ၊ ယဒတီတံ ပဟီနံတံ၊ အပ္ပတ္တဉ္စ အနာဂတံ။
  • ပစ္စုပ္ပန္နဉ္စ ယံဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ၊ အသံဟီရံ အသံကုပ္ပံ၊ တံဝိဒွါ မနုဗြူဟယေ။
  • အဝိဂတပစ္စယော၊ ဝိဂတပစ္စယော၊ နတ္တိပစ္စယော၊ အတ္ထိပစ္စယော၊ ဝိပ္ပယုတပစ္စယော၊ သမ္ပယုတပစ္စယော၊ မဂ္ဂပစ္စယော၊ ဈာနပစ္စယော၊ ဣုန္ဒြိယပစ္စယော၊ အာဟာရပစ္စယော၊ ဝိပါကပစ္စယော၊ ကမ္မပစ္စယော၊ အာသေဝနပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ ပုရေဇာတပစ္စယော၊ ဥပနိဿယပစ္စယော၊ နိဿယပစ္စယော၊ အညမညပစ္စယော၊ သဟဇာတပစ္စယော၊ သမနန္တပစ္စယော၊ အနန္တရပစ္စယော၊ အဓိပတိပစ္စယော၊ အာရမဏပစ္စယော၊ ဟေတုပစ္စယော။
  • သတ္တဝါတို့၏ အာသာစရိုက်တွေကို ဇောဝီထိအလိုက် ဘဝင်ခိုက်အောင် သိမြင်တော်မူသော အာသယနုသယရွှေဉာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကား။
(စရိုက်သိ၍ အောင်ပါသည်။)

မြန်မာပြန်

၃။ အာသယာနုသယဉာဏော အနန္တော

(က) နီလေစေဝ ........... အဟံနမေ။
လက္ခဏာတော်ကြီးငယ် ဆန်းတကြယ်တို့ဖြင့် သပ္ပါယ်တော်မူလှသော ကိုယ်တော်မြတ်၏ ရူပကာယတော်၌ ဆံတော်မုတ်ဆိတ် မျက်လုံးတော်အစိတ်တို့မှ မိုးတိမ်ရိပ်အပေါ်မှာ မော်ရရော်ပုဆိုးကို ဖြန့်မိုးကာလွှာသော အရောင်ကဲ့သို့ ညိုပြောင်ပြောင် တောက်လောင်သော နီလရောင်ခြည်တော်လည်း ရှိတော်မူထသော၊ မျက်လုံးတော်တစ်သွေ အရေတော်တစ်ဝ ရွှေသောဌာနတို့မှ ရပ်ဒေသများ၌ ရွှေပုဆိုး ရွှေပြားတို့ကို ဖုံလွှမ်းထား၍ ထားလေသကဲ့သို့ ပြောင်ရွှေရွှေ ထွန်းပသော ပီတ ရောင်ခြည်တော်လည်း ရှိတော်မူထသော၊ နီနီထွေးထွေး အသွေးအသားတော် အစိတ်တို့မှ ကြိတ်ညက်သော ဆုံမှုန့်နီတျာ ကမ္ပလာနီ ချိတ်ရည်အဆင်းတို့ကဲ့သို့ ချင်းချင်းနီ ထွန်းပနေသော၊ လောဟိတ ရောင်ခြည်တော်လည်း ရှိတော်မူထသော၊ လျှပ်စစ်ပန်းအိမ် ယှက်လိမ်ကွန့်ဖြိုးသကဲ့သို့ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်ထွန်းပသော ပဘဿရ ရောင်ခြည်တော်လည်း ရှိတော်မူထသော၊ သွားတော် ၄၀ စွယ်တော် ၄ချောင်း ရိုးတော်ပေါင်းသစ်သစ် ဖြူနစ်သော မျက်လုံးတော်ရပ်တို့မှ ဓာတ်သာခွာငွေယပ်ဝန်းအတူ စန္ဒာရောင်ကြူကြူကဲ့သို့ ဖြူပြောင်ပြောင်ထွန်းပသော သြဒါတ ရောင်ခြည်တော်လည်း ရှိတော်မူထသော၊ လဝန်းတိမ်နှိပ် နေရိပ်တိမ်လှေင် တိမ်တောင်မီးခိုး ပိုးကတ္တီပါ မဟူရာရောင်အပေါင်းကဲ့သို့ မောင်းမောင်းကြီး ထွန်းပသော မဉ္စိဋ္ဌ ရောင်ခြည်တော်လည်း ရှိတော်မူထသော မြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

(ခ) ယေကေစိ ဗုဒ္ဓံ ..... ပရိပူရေဿန္တီတိ။
ခပ်သိမ်းကုန်သော လူအပေါင်းတို့သည် မြတ်စွာဘုရားကို ကိုးကွယ်လဲလျောင်း ပုန်းအောင်းရာဟူ၍ ဆည်းကပ်ကြကုန်၏။ ထို လူအပေါင်းတို့သည် အပါယ်၎-ပါးသို့ မရောက်ကုန်။ လူ၏ကိုယ်ကို စွန့်၍ နတ်ပြည်ကို ရောင်ရကုန်လတံ္တ့။
(မိမိ၊ သူတစ်ပါး အကြံအစည်များကို ဆောင်ရွက်နိုင်၍ အရောင်တောက်သည်။ ပစ္စုပ္ပန်အသိနှင့် အားထုတ်ပါ။)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP