မှတ်သားဖွယ်ရာစကားပဒေသာ(၅)
ကိုယ်ဖြင့် မကောင်းမှုကိုပြုသောသူ၊ နှုတ်ဖြင့်မကောင်းမှုကို ပြုသောသူ၊ စိတ်ဖြင့်မကောင်းမှုကို ပြူသောသူတို့သည် မိမိကိုယ်မိမိ စောင့်ရှောက်သူများ မဟုတ်ချေ၊ ထိုသူတို့သည် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်ကြီးများဖြင့် စောင့်ရှောက်ထားစေကာမှု မိမိကိုယ်မိမိ စောင့်ရှောက်သူများ မဟုတ်ကြချေ။ အကြောင်းသော်ကား ထိုအစောင့်အရှောက်များသည် ပြင်ပအစောင့်အရှောက်သာဖြစ်၍ အတွင်းအစောင့်အရှောက် မဟုတ်သောကြောင့်တည်း၊ ကိုယ်ဖြင့် ကောင်းသောအမှုကို ပြုသောသူ၊ နှုတ်ဖြင့်ကောင်းသောအမှုကို ပြုသောသူ၊ စိတ်ဖြင့်ကောင်းသောအမှုကို ပြုသောသူတို့သည် မိမိကိုယ်မိမိ စောင့်ရှောက်သူများဖြစ်သည်၊ ထိုသူတို့သည် ဆင်တပ်၊ မြင်းတပ်တို့ဖြင့် မစောင့်ရှောက်သော်လည်း မိမိကိုယ်မိမိ စောင့်ရှောက်သူများ ဖြစ်သည်၊ ကိုယ်ကို စောင့်စည်းခြင်းသည် ကောင်း၏၊ နှုတ်ကိုစောင့်စည်းခြင်းသည် ကောင်း၏၊ စိတ်ကို စောင့်စည်းဖြင်းသည် ကောင်း၏ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို စောင့်စည်းသူကို မိမိကိယ်မိမိ စောင့်ရှောက်သူဟု ဆိုအပ်၏။ (သဂါဝဂ္ဂ၊ သံယုတ်ပါဠိတော်၊ ကောသလသံယုတ်)
သင်္ခါရနှင့် နိဗ္ဗာန်သည် အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်၏ သင်္ခါရတို့၌ နိဗ္ဗာနှ်မရှိသလို နိဗ္ဗာန်၌လည်း သင်္ခါရတို့ မရှိချေ။ (ဥဒါန်းအဋ္ဌကထာ)
“သုဘဒ္ဒ အကြင်သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တရား မရှိငြားအံ့၊ ထိုသာသနာ၌ သောတာပန်ပုဂ္ဂိုလ်လည်း မရှိပေ၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့လည်း မရှိသည်သာတည်း၊ သုဘဒ္ဒ အကြင်သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တရား ရှိငြားအံ့၊ ထိုသာသနာ၌ သောတာပန်ပုဂ္ဂိုလ်ည်း ရှိပေ၏၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့လည်း ရှိသည်သာတည်း၊ သုဘဒ္ဒ ငါဘုရား၏ သာသနာ၌ အရိယာမဂ်တရားသည် ရှိ၏၊ ဤသာသနာတော်၌ပင်လျှင် သောတာပန်ပုဂ္ဂိုလ် ရှိပေ၏၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ ရှိပေ၏၊ တရားကိုသိမြင်သော ထိုပုဂ္ဂိုလ်တို့သည် အဆင့်ဆင့်ဟောပြောလျက် နေကုန်ငြားအံ့၊ ဤလောက၌ ရဟန္တာတို့ မဆိတ်သုဉ်းကုန်” (ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်)
“အကြင်သူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ယုံကြည်မှုသဒ္ဓါဖြင့် ထုံအပ်သောစိတ်၊ ဆောက်တည်မှုသီလ၊ အကြားအမြင်သုတ၊ စွန့်ကြဲမှုစာဂ၊ အသိဥာဏ်ပညာတို့ဖြင့် ထုံအပ်သော စိတ်ရှိသူဖြစ်၏ ထိုသူ၏ ခန္ဓာရုပ်သည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏ ထမင်းမုန့်စသော အစာအဟာရတို့ဖြင့် ကြီးပွားရ၏၊ ပြုပြင်ထိန်းမတ်ပေးရခြင်း သဘောရှိ၏၊ မတည်မြဲခြင်း၊ ပြိုကွဲပျက်စီးခြင်း သဘောရှိ၏၊ ထိုခန္ဓာကိုယ်ရုပ်ကို ကျီးငှတ်တို့လည်း ထိုးဆိတ်ကုန်၏၊ တောခွေး၊ အိမ်ခွေးနှင့် ပိုးလောက်တို့လည်း ခဲစားကြကုန်၏၊ သို့သော် မဟာနာမ် ထိုသူ၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ရှည်မြင့်စွာသော ကာလပတ်လုံး ထုံအပ်သောစိတ်သည်ကား အထက်သို့သာ တက်လေ့ရှိပေ၏၊ ထူးခြားစွာ သွားလေ့ရှိပေ၏။” (မဟာနာမသုတ်)
ဘုရားအလောင်းတော်သည် လူသားတစ်ဦးအနေဖြင့် မိမိ၏ဇွဲလုံ့လ၊ ဥာဏ်ပညာနှင့် မေတ္တာဓာတ်တို့အားဖြင့် အမြင့်မြတ်ဆုံး၊ အပြစ်ကင်းဆုံးဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအဖြစ်ကို ရတော်မူသည်။ သို့ဖြင့် မြတ်စွာဘုရားရှင်က လမ်းဖြောင့်၊ လမ်းမှန်ဖြင့်သာ ဤကဲ့သို့သော မြင့်မြတ်သည့်အဖြစ်ကို ရရှိနိုင်သည်ဟု ပြသခဲ့ပေသည်၊ ဗုဒ္ဓဘာသာ၏ ထူးခြားသော အင်္ဂါရပ်တစ်ခုမှာ မည်သူမဆို လိုအပ်သော လုံ့လ၀ီရိယ၊ သို့မဟုတ် အားထုတ်မှု ရှိမည်ဆိုပါက ဘုရားအဖြစ်ကိုပင် ရည်မှန်းနိုင်ခြင်း ဖြစ်ပေသည်။ ယင်းသည် ဆင့်ကဲဖြစ်စဉ် သဘောမျိုးသာ ဖြစ်သောကြောင့် မိမိ၏ လုံ့လ၀ီရိယဖြင့် ရယူနိုင်စွမ်းရှိသည်။ (အရှင်သေဋ္ဌိလ)
ဘ၀ဆိုတာပုံပြင်တစ်ပုဒ်ပါ၊ ဘယ်လောက်ရှည်တယ်ဆိုတာ အရေးမကြီးဘူး၊ ဘယ်လောက်ကောင်းသလဲ ဆိုတာသာ အရေးကြီးပါတယ်။ (Seneca)
သောကကိုမျှမတိုက်ခိုက်တက်သော လုပ်ငန်းရှင်များသည် အရွယ်ငယ်ငယ်နှင့်ပင် သေဆုံးကြရပေမည်။ (ဒေါက်တာအဲလက်ကယ်ရယ်)
To love human beings is the virtue of humanity, to understand man is Science.
လူသားကိုချစ်ခြင်းဟာ လူ့ဘ၀ရဲ. ကောင်းမြတ်တဲ့ အရည်အချင်းဖြစ်တယ်၊ လူသားတွေအပေါ် နားလည်စာနာတက်ခြင်းဟာလည်း အတက်ပညာ တစ်ရပ်ပါပဲ။ (ကွန်ဖြူးရှပ်)
Kind words can be short and easy to speak, but their echoes are truly endless.
ကြင်နာသောစကားလုံးများသည် တိုတောင်း၍ ပြောရလွယ်ကူနိုင်ပါသည်၊ သို့သော် ၎င်းတို့၏ ပဲ့တင်သံများကတော့ အမှန်ပင် အပိုင်းအခြားမရှိပါ။ (မာသာထရီဇာ)
Much wisdom often goes with fewest words.
စဉ်းစားဆင်ခြင်ဖွယ် ဥာဏ်ပညာအများစုသည် အနည်းဆုံးစကားလုံးတို့နှင့်အတူ တွဲဖက်ပါရှိတက်သည်။ (Shakespeare)
A man who cannot tolerate small ills can never accomplish great things.
သေးငယ်သည့် အခက်အခဲများကို သည်းမခံနိုင်သူသည် ကြီးမားသည့်အရာများကို မည်သည့်အခါမှ ပြီးစီးအောင် လုပ်နိုင်မည်မဟုတ်။ (Chinese Proverb)

0 comments:
Post a Comment