ပိတောက်ဝါဝါ ငုဝါဝါ
.
.
.
.
.
သည်နေ့ တန်ခူးလပြည့်နေ့သို့ရောက်ရှိခဲ့ပါပြီ…..။
ဆောင်ရွက်နေကြအတိုင်း ခင်ပွန်းကြီး၁၀ပါးကန်တော့ခြင်းကို မနေ့ကတစ်ကြိမ် သည်နေ့ မနက် တစ်ကြိမ် ဦးနှိမ်ရိုကျိုး၊ရှိခိုးကန်တော့ခဲ့ ပြီးပါ ပြီ…မနေ့ ကပန်းဆိုင်တွက်ပန်းဝယ် ကတည်းက စဉ်းစားဖြစ်ခဲ့သည်..။
(အဆင်းအနံ့ ဖြင့် ပြည့်စုံလှစွာသော ဣမံ ပုဗ္ဗံ ဤပန်းကို ဒေမ ပူဇေမ ကပ် လှူပူဇော်ပါ၏ဘုရား) ဟုဘုရားရှိခိုးစာကို ဆိုရလေတိုင်း ..မြန်မာပြည် မှမွှေးကြိုင်သင်းပျံ့သော ပန်းများကို ဆက် ကပ်လှူဒါန်းမှု မပြုနိုင်လေ သည် မှာ ကြာ ခဲ့ပါပကော..။
ကျွန်မ ထိုင်းနိုင်ငံ AIT တွင်ရှိနေစဉ်ကတော့ ကျောင်းဝင်းအတွင်းတစ်ပင်တည်းသာ ရှိသော ခရေပင် ကြီး မှ ခရေပန်းများကောက် ယူ ဆက်ကပ် ပူဇော်နိုင် ခဲ့ ပါသည်..။ကျောင်းပြီးသည့်တိုင် မွှေးပျံ့ဆဲ ခရေပန်းကုံးခြောက် များကို အမှုန့်ပြုလုပ်လျက် ပန်းစေတီ ထုလုပ် ကိုးကွယ် ခဲ့ပါသည်..။
အခု လို တန်ခူးလပြည့်အခါသမယကတော့ ချစ်လှစွာသော အမိမြေသည် တူးပို့သံလွှမ်းလျက်..ပိတောက်ဝါ နှင့်ငုဝါ ဝါတို့ ဖြင့်ထွန်းလင်းတောက်ပနေမည် အမှန်..။
ပိတောက် နှင့်ငု သူ့ဘာ သာ စတိုင်တစ်မျိုးစီဖြင့် လှနေကြသော်လည်း..စာဆို များက တစ်ရာသီ တည်း ပွင့်ကြ သူချင်းမို့ အပြိုင်အဆိုင်ပန်း များအဖြစ် စိတ်ဝမ်းကွဲစေခဲ့သည်..။
ကျွန်မ ငယ်စဉ်ကတော့ ပိတောက် ထက် ငု ကို ကရုဏာ ပို မိခဲ့ပါသည်…စာရေးဆရာမ ယုဝတီမြင့်သိင်္ဂီမော် ရေး သော ကဗျာလေးကလည်း လွှမ်းမိုးခဲ့ဘူးသည်..။ဥပုသ်ယူထားသော်လည်း ဖော်ပြလိုက်ချင်ပါသေးသည်..။
လမ်းတစ်လျှောက် ပန်းပိတောက်မပေါ်သေးခင် မို့..
အရေးတော် တမင်ရှုကာ ပ ပင်ငုကိုသုံး။
တစ်လျှောက်လမ်း ပိတောက်ပန်း ဝေဝေလှိုင်တော့
ငုပန်းခိုင်ကျေကျေမွတယ် လွင့်ကြအမုန်း..တဲ့..။
အရေးတော် တမင်ရှုကာ ပ ပင်ငုကိုသုံး။
တစ်လျှောက်လမ်း ပိတောက်ပန်း ဝေဝေလှိုင်တော့
ငုပန်းခိုင်ကျေကျေမွတယ် လွင့်ကြအမုန်း..တဲ့..။
ကျွန်မကတော့ မမုန်းခဲ့ပါ…ဟိုအရင်က သည်လို အချိန်မျိုးတွေမှာ ပိတောက်တွေ ပွင့်ကြရင် လူတိုင်းအရေးလုပ် ကြသည် ပန်ကြ ..ဆင်ကြ.. ခူးကြ ..ချွေကြ..နဲ့ အရွက်များ အကိုင်းများကျိုးကျ ပဲ့ကြွေကာ ကျန်ခဲ့ရသော အိမ်ရှေ့မှ ပိတောက် ပင် ကြီးကို မြင်ရလေတိုင်း ငယ်ငယ် ကတည်းက စိတ်မသက်သာ ခဲ့ပါ..။
ငုပင် တွေကတော့ လူတွေ၏ အရေးစိုက်ခြင်းမစိုက် ခြင်းကို ဥပေက္ခာပြုထားလေသယောင်..။ကျွန်မ အထင်ပါ.။
တောက် ပသော အဝါရောင် ကို ပင်လုံးပြည့်ဆင်မြန်းရင်း ပူပြင်းသော နွေ အပူကိုလည်း အံတုထားတယ် လို့လည်း ကျွန်မ က ဂုဏ်တင် မိပါသေးတယ်..။
တောက် ပသော အဝါရောင် ကို ပင်လုံးပြည့်ဆင်မြန်းရင်း ပူပြင်းသော နွေ အပူကိုလည်း အံတုထားတယ် လို့လည်း ကျွန်မ က ဂုဏ်တင် မိပါသေးတယ်..။
ဒေသကောလိပ်(၃) တက်ခဲ့စဉ် ကာလကတော့ မေလ (၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ တွင် ပြိုင်ပွဲ ဝင်ရန် ကျွန်မ တို့ တစ်နွေ လုံး ၊ဧပြီလတစ်လလုံး လေ့ကျင့်ခဲ့ရတာ မို့ ကျောင်းဝင်းထဲက ငုပန်းခိုင်များသည် ကျွန်မ တို့အတွက် အားပေးဖော် များပါပဲ..။
အခုတော့လည်းသိစရာ မျှ သာ ဟု နှလုံးသွင်းဖြစ်ရင်း..ငုနှင့်ပတ်သက်သော ဇာတ်လမ်းတစ်ပုဒ် ဖော်ထုတ်တောင်းပန် ရန်ကျန်နေခဲ့ တာသတိရမိပါသည်..။ခင်ပွန်းကြီး၁၀ပါးကန်တော့ချိန်နဲ့တိုက် ဆိုင်နေသည် မို့ မရိုးဖြောင့်ခဲ့သော..ဘရုတ်ကျခဲ့သော…….ကျွန်မတို့အားဆရာခွင့်လွှတ်နိုင်ပါစေ..။
ကျွန်မ စိုက် ပျိုးရေးတက္ကသိုလ် တက်စဉ်က..တတိယနှစ်မှာ ပါ..။ ကျွန်မတို့သင်ရသည့် ဥယျာဉ်ခြံစိုက်ပျိုးရေး(Horticulture)ဘာသာ မှာ အစေ့ငုတ်ချိန် ကို ဖျက်ဆီးဖြတ်ကျော်၍ ပင်လောင်းသန္ဓေကို နိုးကြားစေတဲ့ သင်္ခန်းစာ(Dormancy Breaking Down)လုပ် ခြင်းကို လက်တွေ့ Assignment ဆရာကလုပ်ခိုင်းပါသည်..။
ကျောင်းသားတစ်ယောက်စီ ကို ငု၊စိန်ပန်း၊ငုစပ်ချယ်ရီ အစေ့ ၃၀ ပေးပါသည်..။Dormancy Break down လုပ်၍ ပျိုးရမည် ပြုစုစောင့်ရှောက်ရမည်..။တစ်လပြည့်လျင် အပင် ၃၀ ပြန်အပ် နိုင်ရမည်..။
အဆောင်မှ အခန်းရှေ့ကို Nursery လုပ် ပြီးတယုတယ.. ဆောင်ရွက်ရပါသည်..။တစ်လပြည့်တော့ ဝမ်းသာ အားရ ၊ ညနေတွင်အပ်နိုင် ပြီဆို ပြီးတော့ သေချာ ကြိမ်ခြင်းထဲထည့် အခန်းထဲ ထည့် သိမ်းကာ ကျောင်း တက် သွား ခဲ့ပါသည်..။
ကျွန်မ အခန်းမှာ ကြွက်များသည် မြင်နေကျ မဟုတ် ကြိမ်ခြင်းထဲမှ အပင်စိမ်းစိမ်းများကို စားစရာ ဟုထင်လေကာ မွှေနှောက် ကိုက် ဖြတ်လိုက်သည် မှာ…တစ်လတာ ကြိုးပမ်းခဲ့ သမျှ…ပျိုးထုပ် များမှာ အစိမ်း ရောင် ငုတ်တိုလေးများသာ ကျန်ပါတော့သည်..။
ငိုတော့မယောင် မျက်နှာပေး နဲ့ ဖြစ်ပျက်နေသော ကျွန်မ… ကြံရာလည်း မရ.. အချိန်ကားစေ့ခဲ့ ပြီ..။ဉာဏ်ကြီး ရှင် သူငယ်ချင်းများက(ဟေ့ကောင် စိတ်ညစ်မနေနဲ့..ငါတို့ကြံမယ်)ဆိုပြီးအဆောင်တွင် ကျွန်မအားလာ ခေါ်ပါ သည်..ကျွန်မလက် မှာ အပ်စရာ ငုပင် များမရှိ..။လူချည်းသာ လိုက်ခဲ့ရသည်..။
သူတို့ ၏ အစီအမံသည်ကား..ပျိုးခြံစောင့် ဦးလေးကြီးအား ညာတာပါတေး လုပ်တာသာ ဖြစ်ပါသည်..။လူ ၆ ယောက် အတွက် အပ်ရမည် မှာ အပင် ၁၈၀.. တွန်းယူလာသော လှည်းပေါ်တွင် အပင် ၁၅၀ သာ ပါလေသည် ကို ထို ဦးလေးကြီးမသိ ကျွန်မတို့သာ သိသည်..။
ဦးလေးပင် ပန်းမယ် မသယ်နဲ့.. ကိုယ် ဖာသာ ကိုယ် စီထားလိုက်မယ် ဘာ ညာ လုပ်ကြသည်။
ဦးလေးကြီးက စုစုပေါင်းကို မရေတွက်.. ခုံနံပါတ် တစ်ခု အတွက် အပင် ၃၀ ကို သာ အလေးထား ရေတွက် သည်.။ အပင်- ၃၀ ပြည့်တိုင်း သွားထားသော သူငယ်ချင်းက ကျွန်မ အတွက် ၅ပင် စီ ချန်ထား ပေး လိုက်သည်..။
ထို မဟာ အကြံဉာဏ် ဖြင့် ကျွန်မ ခုံ နံပါတ်သည် စာရင်း ဝင် ကာ Assignment အောင်မြင်ခဲ့လေသည် တကား။ထိုစဉ်က ပျော်စရာဖြစ်ခဲ့သော်လည်း အခုချိန်မှာ တော့ တာဝန်မကင်းသလို အပြစ်မကင်းသလိုလေးတော့ ဖြစ်နေမိပါတယ်..။
အာဖရိကတိုက်၊ ကင်ညာ နိုင်ငံမှ အစိမ်းရောင် ခါးပတ်(Green Belt) စီမံကိန်းဖြင့် သစ်ပင် ပေါင်း သုံးသန်း ကျော် စိုက် ပျိုးခဲ့သော ၂၀၀၄ ခု နှစ် ငြိမ်းချမ်းရေးနိုဘယ် Nobel Peace Prize Winner Dr. Wangari Muta Maathai ကို ကြည့်ပြီးတော့လည်း အရှက်ရစေခဲ့တာပါပဲ..။သူက သုံးသန်းကျော်စိုက် ကိုယ် က အပင်၃၀ လိမ်လည်မှု တစ်ခု ပြုလုပ်ခဲ့တာကိုး..။
သည်နေ့ တန်ခူးလပြည့်မှာတောင်းပန်ဝန်ချခြင်းသည် ကျွန်မ၏ Horticulture ဆရာ ဒေါက်တာဦးလှအောင်သာ မက ချစ်လှစွာသော အမိမြေ၏ သဘာဝပတ်ဝန်းကျင် အတွက် ပျက်ကွက်ခဲ့သော ကွက်လပ်များပါ.. ငဲ့ကွက်ပါ့မယ်..။ထည့်တွက်ပါ့မယ်..။
ကျွန်မ၏စာမျက်နှာမှ ပိတောက်ဝါဝါ ၊ငုဝါဝါ များဆက် ကပ် လှူဒါန်းလျက် ရိုသေစွာတောင်းပန် ပါတယ်ဘုရား။
Dr. Wangari Maathai လို ပိတောက်ဝါဝါ ၊ငုဝါဝါ များ လှပစေရန် ကျွန်မ စိုက်ပျိုး ရပါအုံးမယ်..။


0 comments:
Post a Comment