Monday, August 30, 2010
မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ
သေတဗျမြို့လေးမှာ အုတ်အုတ်ကျက်ကျက်
ကောသလတိုင်းက သေတဗျမြို့ငယ်လေးတွင် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဟိုနား စုစု၊ ဒီနား စုစုဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေကြဟန်ရှိသည်။ အချို့က ငါးယောက်တစ်ဖွဲ့၊ အချို့က ဆယ်ယောက်အဖွဲ့၊ အချို့က မိသားစုအလိုက်၊ အချို့မှာတော့ တစ်ယောက်တည်း၊ တစ်နေရာသို့ ဆူဆူညံညံ သွားနေကြလေသည်။ အချိုက ပန်း၊ ဆီမီးထုတ်တွေ ကိုင်ဆောင်ထားသည်။ အချို့က မိမိတို့ အသုံးအဆောင်များကို ကိုင်ဆောင်လျှက် သွားနေကြလေသည်။ သေတဗျမြို့ဆိုသည်မှာ ကောသလတိုင်း၏အရှင်သခင် ပသေနဒီကောသလမင်းကြီးက ပါယာသိအား အပိုင်စားပေးထားသော မြို့ငယ်တစ်ခု ဖြစ်သည်။
အိန္ဒိယသည် ထိုခေတ်အခါက အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို မိမိတို့ ထင်မြင်ယူဆသည့်အတိုင်း လှည့်လည်ဟောပြောနေကြသူ ဆရာကြီးများ များစွာရှိကြလေသည်။ မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို လွတ်လပ်စွာ ပြောဟောစည်းရုံးနိုင်ခွင့် အပြည့်အ၀ရှိသော ဒေသကြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နာမည်ကြီးလာလျှင် စောင့်ကြည့်လေ့လာသူများလည်း ပေါများသည်။ ဆရာကြီးတစ်ယောက် မိမိတို့နေထိုင်ရာ မြို့၊ ရွာအနီးရောက်လာပြီဆိုလျှင် သွားရောက် အကဲဖြတ်တတ်ကြသည်။ သို့ဖြစ်၍ အခုလည်း အရှင်ကုမာရကဿပ သေတဗျမြို့ကို ရောက်နေပြီဟု ကြားသိရသောကြောင့် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက် သွားရောက်တွေ့ဖို့ ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်သည် ပါယာသိမြို့စားကြီးအတွက် စည်းစိမ်ခံစားနေချိန် ဖြစ်သည်။
“အမတ်ကြီး… ဆူဆူညံညံနဲ့ ဘာဖြစ်နေတာလဲ”
“မှန်လှပါ… အရှင်ကုမာရကဿပ ဆိုတဲ့ ရဟန်းတစ်ပါးဟာ နောက်လိုက်နောက်ပါတွေနဲ့ မြို့နားကို ရောက်နေပါတယ်။ သူ့ဆီကို သွားနေကြတာပါ”
“ဟေ… ဒီရဟန်းတွေက နောက်ဘ၀ရှိတယ်၊ ဘာညာနဲ့ မဟုတ်မတရားတွေ လျှောက်ဟောနေကြတာ မဟုတ်လား၊ ဒီလို လက်တွေ့ပြလို့လည်း မရ၊ အဓိပ္ပာယ်လည်းမရှိတဲ့တရားတွေ ဟောနေသူတွေကို ဘာဖြစ်လို့များ အလုပ်ရှုပ်ခံ သွားတွေ့နေကြတာလဲ၊ ကဲ ကဲ… ဒီရဟန်းတော့ ငါနဲ့ တွေ့တော့မှာပဲ။ အမတ်ကြီး… အဲဒီကိုယ်တော်ဆီ သွားနေတဲ့သူတွေကို ပြောလိုက်”
“မှန်ပါ့”
“သင်တို့ မတွေ့ခင် အဲဒီရဟန်းကို ငါ အရင်တွေ့မယ်၊ ငါတွေ့ပြီးမှ တွေ့ကြလို့၊ ငါတို့ ဆွေးနွေးတာကို စောင့်နေကြပါလို့ ပြောလိုက်”
“မှန်ပါ”
အမတ်ကြီးလည်း မြင်းစီးပြီး လူစုလူဝေးများသို့ သွားရောက်ပြောကြားခဲ့လေသည်။ မြို့သူမြို့သားတို့မှာ အံ့သြကုန်သည်။ အမှန်အားဖြင့် သူတို့ မြို့စားကြီးမှာ ရှေ့ဘ၀၊ နောက်ဘ၀များကို ယုံကြည်သူမဟုတ်။ အယူအဆရေးရာများကို ပြောဆိုဆွေးနွေးကြလျှင်လည်း အတော်လက်ပေါက်ကပ်သူတစ်ယောက်ဟု သိထားကြသည်။ သူနှင့်ဆွေးနွေးသူများမှာ အများအားဖြင့် လန့်ပြေးရသည်က များလေသည်။ ပညာလည်း တတ်သည်။ အတွေးအခေါ်ကလည်း ကောင်းသည်။ စကားပြောကလည်း ထူးချွန်သည်။ သူ့ကိုဘက်ပြိုင်ပြီး ယှဉ်ပြိုင်ဆွေးနွေးနိုင်သူဟု မကြားဖူးချေ။ အခု မြို့စားကြီး အရှင်ကုမာရကဿပဆီ သွားမည်ဟု ကြားသိရသောအခါ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။
သူနှင့်တွေ့ရမည့် အရှင်ကုမာရကဿပကလည်း ခေသူ မဟုတ်ပါ။ ဗဟုသုတ ကြွယ်သည်။ အပြောကောင်းသည်။ စကားပြောသည့်အခါတိုင်း ဥပမာဥပမေယျများဖြင့် တစ်ဖက်လူ ကျအောင် ပြောနိုင်စွမ်းရှိသည်။ တစ်ဖန် နယ်တကာသို့ လှည့်လည်သာသနာပြုနေသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျမ်းဂန်ဗဟုသုတ၊ ဒေသန္တရဗဟုသုတနှင့် အယူအဆရေးရာတိုက်ပွဲများကို အကြိမ်ကြိမ် နွှဲခဲ့ဖူးသော အတွေ့အကြုံရင် ရဟန်းတစ်ပါး ဖြစ်ပါသည်။
သေတဗျမြို့သူမြို့သားများ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်။ တမလွန်ဘ၀မရှိ၊ အကောင်းအဆိုး သတ်မှတ်ထားချက်များသည် အဓိပ္ပာယ်မရှိဟု ယုံကြည်သူ မြို့စားကြီးနှင့် ၃၁-ဘုံရှိကြောင်း ယုံကြည်သူ အရှင်ကုမာရကဿပတို့ စကားနိုင်လုပွဲကြီး၊ အယူအဆရေးရာပြိုင်ပွဲကြီး ဖြစ်တော့မည်ဆိုတာကို တွက်ဆမိသော မြို့သူမြို့သားများမှာ အတွေးကိုယ်စီ၊ ခန့်မှန်းချက်ကိုယ်စီဖြင့် ပြောဆိုငြင်းခုံနေကြလေသည်။ အစက အရှင်ကုမာရကဿပကို ကြည်ညိုသူတို့သာ အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့သော်လည်း အခုအခါမှာတော့ မြို့စားကြီး၏ အယူအဆ၀ါဒကို ကြိုက်နှစ်သက်သူများလည်း အရှင်ကုမာရကဿပရှိရာသို့ ဦးတည်နေခဲ့ကြလေသည်။ သေတဗျမြို့လေးသည် တစ်ခဏအတွင်းမှာ ဖုန်တစ်ထောင်းထောင်း ထနေခဲ့လေသည်။ ထိုနေ့က ရာသီဥတု သာသာယာယာ ရှိလှသည်။
ပညာရှင်နှစ်ဦး တွေ့ဆုံခြင်း
ရဟန်းတစ်ပါးက သူ့ဆရာကို ပြောနေသည်။
“ဆရာအရှင် ကုမာရကဿပ… ပါယာသိမြို့စားကြီးက အရှင်နဲ့ တရားဆွေးနွေးလိုပါသတဲ့”
“ကောင်းပြီလေ”
မြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့က အနည်းငယ်မြင့်သော နေရာများတွင် အသီးသီး နေရာယူထားကြသည်။ အရှင်ကုမာရကဿပ၏ တပည့် ၅၀၀ တို့က ဆရာအရှင်၏ နောက်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် နေနေကြသည်။ အရှင်၏ရှေ့တွင် ပါယာသိမြို့စားကြီး နေရာယူထားသည်။ သူ၏ ဘေးဘက်ဝဲယာတွင် သူ၏ နောက်လိုက်တပည့်များ၊ အစောင့်အရှောက်များ၊ ထို့နောက်တွင် ကျေးကျွန်များ။ ထို့နောက်တွင် မြို့သူမြို့သားများ။ အသီးသီး နေရာယူထားကြသည်။
မြို့စားကြီးနှင့်အရှင်တို့မှာ ၀မ်းမြောက်ဖွယ်စကားများ ပြောကြသည်။ ယနေ့ခေတ် လူကို တွေ့သည်နှင့် “နေကောင်းလား၊ မတွေ့ရတာ ကြာပြီ၊ စားရသောက်ရ အဆင်ပြေလား”စသည် မေးသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုသို့ ပြောပြီးသောအခါ မြို့စားကြီးနှင့်အရှင်တို့သည် အယူဝါဒဆိုင်ရာများကို စတင် ပြောခဲ့ကြသည်။
“ပါယာသိ… သင်က ဘယ်လို အယူဝါဒ ရှိသလဲ”
“ကျွန်ုပ် အယူဝါဒမှာ နောက်ဘ၀ဆိုတာ မရှိဘူး။ သတ္တ၀ါသေရင် ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ အကောင်း၊ အဆိုးကံတွေရဲ့ အကျိုးဆိုတာလည်း မရှိဘူး”
“အော်… ဒီလို အယူအဆမျိုး သင့်မှာ ရှိသလား။ ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ ဘာဖြစ်လို့ ဒီလို ယူဆရတာလဲ”
ဤနေရာတွင် “ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး”ဟုဆိုသော စကားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်သည်။ အရှင်ကုမာရကဿပခေတ်က ထိုကဲ့သို့ ယူဆသူများ များစွာရှိကြောင်း ပိဋကတ်စာပေလာ အဖြစ်အပျက်များအရ သိရပါသည်။ သို့ဖြစ်၍ “မမြင်ဖူးဘူး၊ မကြားဖူးဘူး”ဟု အဘယ့်ကြောင့် ပြောသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပါ။
ပါယာသိမြို့စားကြီးက ဆက်ပြောသည်။
“မရှိလို့ မရှိဘူးလို့ ယူဆတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အာရုံငါးပါး (အမှန်က ပသာဒငါးခု = စက္ခု (မျက်စိ)၊ သောတ (နား)၊ ဃာန (နှာခေါင်း)၊ ဇိဝှါ (လျှာ)၊ ကာယ (ခန္ဓာကိုယ်))နဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကိုပဲ အရှိတရားအဖြစ် ကျွန်ုပ် ယူဆပါတယ်။ အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတဲ့ အတိတ်ဘ၀၊ အနာဂတ်ဘ၀နဲ့ နတ်ပြည်ဗြဟ္မာ့ပြည်တွေဟာ စိတ်ကူးထဲမှာပဲ ရှိတာပါ။ ဒါကြောင့် ဒီလို ယူရတာပါ”
ဆက်လက်ဖော်ပြသွားပါမည်.....
ဇာတ်လမ်းက အခုမှ စတာ..:) :)
YOU DIE! သေလိုက်ပါ့လား...
သေမယ့်အကြောင်း
တစ်စေ့တစ်စောင်းတွေးတာတောင်
ကုသိုလ်ရတယ်တဲ့။
သေလိုက်ပါ့လား။
All
All of us
All told All are
All one All there
All the same
All right
All in
All
ALL THE DOORS ARE OPENED
All of a sudden
All the time
All
Read more...
မြရတနာရွာအား အလင်းရောင်ပေးလှူကြသူ ကုသိုလ်ရှင်များနှင့် စာရင်းရှင်းတမ်း
ဟိုနေ့က “ သာသနာ အလှူ ၊ အလင်းအလှူ ” ရဲ့ စာရင်းလေးကို တင်ပေးလိုက်ပါတယ်။ စာရင်းတွေကိုတော့ ကျွန်တော့်ဆီကို ဆရာတော် ဦးကောဝိဒ ပို့ပေးပါတယ်။
သာသနာအလှူ ၊ အလင်းအလှူ ပို့စ်မှာ တင်ထားတဲ့ လက်ခံ ရရှိစာရင်းမှာ တစ်ခုတော့ ပြောစရာ ရှိနေပါသည်။ ဘဏ်ကို ငွေမလွှဲဖူးတဲ့ ကျွန်တော်က လွှဲသလောက် ရောက်သွားမယ်ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် ကိုယ်လွှဲချင်တဲ့ ငွေအချိုးမှာ ငွေလွှဲတဲ့ဆီက ပြောသလောက်ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လွှဲလိုက်တဲ့ဆီက ဘဏ်ငွေလွှဲခ မကောက်လိုက်တာကို မသိလိုက်ပါဘူး။ ဒါကြောင့် ၇၀,၀၀၀ ကျပ် လွှဲလိုက်တာမှာ ၅၅၀ ကျပ် လျော့ပြီး ၆၉,၄၅၀ ကျပ် ပဲ ရောက်သွားပါတယ်။ ( တချို့ဆိုင်တွေက ကောက်တယ် ဆိုပဲ။ )
ဒါကို ကျွန်တော် နောက်ထပ် အလှူရှင် “ မိုးယံ ” ဆီက အလှူငွေ သွားရောက်လက်ခံယူပြီး ၊ လွှဲပြီးမှ သိရပါတယ်။ မိုးယံ ( လူသားအားလုံးအတွက် ) ဆီမှ အလှူငွေ ၆၃,၀၀၀ ကျပ် လက်ခံရရှိပြီး တစ်ခါတည်း ဦးကောဝိဒ ဆီကို လွှဲလိုက်ပါတယ်။ ဒီမှာလည်း ဘဏ်လွှဲခ ဆိုတာ ကျွန်တော် မသိသေးတဲ့ အတွက် ဒီအတိုင်းပဲ လွှဲလိုက်တာပါ။ အခန်းပြန်ရောက်မှ ဦးကောဝိဒနဲ့ တွေ့ပြီး ဘဏ်လွှဲခ ၅၅၀ ကျပ် လျော့တယ် ဆိုတာ သိရတာပါ။
အခု အကြိမ်တွေမှာ ဘာမှ မလုပ်နိုင်တော့ပေမဲ့ နောင်အကြိမ်တွေမှာ ပြင်ဆင်လို့ ရအောင် အားလုံးကိုလည်း သတိပေးရင်း “ သာသနာအလှူ ၊ အလင်းအလှူ ” မှ စာရင်းများကို ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း အောက်မှာ ဖော်ပြလိုက်ပါသည်။
| A | B | C | D | E | F | |
|---|---|---|---|---|---|---|
| 1 | စဉ် | ပစ္စည်းအမျိုးအမည် | အရေအတွက် | နှုန်း | ကုန်ကျငွေ | တစ်ပါးလျှင်ကုန်ကျမှု |
| 2 | ၁ | ပရိက္ခရာအစုံ | ၅စုံ | 2500 | 12500 | 2500 |
| 3 | ၂ | သင်္ကန်း ၁ ပါးလျှင် (၃) စုံနှုန်း | ၁၅စုံ | 5500 | 82500 | 16500 |
| 4 | ၃ | သပိတ်(တန့်ကြည်တောင်သံသပိတ်) | ၅ လုံး | 4500 | 22500 | 4500 |
| 5 | ၄ | နိုင်လွန်ခါးပန်းကြိုး | ၅ စုံ | 500 | 2500 | 500 |
| 6 | ၅ | ခေါင်းအုံး+ခေါင်းအုန်းစွပ် | ၅ လုံး | 2500 | 12500 | 2500 |
| 7 | ၆ | စောင် | ၅ထည် | 4000 | 20000 | 4000 |
| 8 | ၇ | မျက်နှာသစ်ရေခွက် | ၅ခွက် | 500 | 2500 | 500 |
| 9 | ၈ | ပန်းကန်ပြား | ၅ | 500 | 2500 | 500 |
| 10 | ၉ | ဇွန်း | ၅ ချောင်း | 200 | 1000 | 200 |
| 11 | ၁၀ | ဆပ်ပြာခွက် | ၅ခွက် | 300 | 1500 | 300 |
| 12 | ၁၁ | ဆပ်ပြာခဲ | ၅ခဲ | 220 | 1100 | 220 |
| 13 | ၁၂ | သွားတိုက်ဆေး | ၅ ဗူး | 600 | 3000 | 600 |
| 14 | ၁၃ | သွားတိုက်တံ | ၅ချောင်း | 250 | 1250 | 250 |
| 15 | ၁၄ | ဖိနပ် | ၅ရံ | 1500 | 7500 | 1500 |
| 16 | ၁၅ | မျက်နှာသုတ်ပါဝါ | ၅ထည် | 1500 | 7500 | 1500 |
| 17 | ၁၆ | လွယ်အိတ် | ၅လုံး | 2500 | 12500 | 2500 |
| 18 | ၁၇ | လက်သည်းညှပ် | ၅ခု | 900 | 4500 | 900 |
| 19 | ၁၈ | လက်သုတ်ပ၀ါ | ၅ထည် | 500 | 2500 | 500 |
| 20 | ၁၇ | သပိတ်လွယ် | ၅စုံ | 2000 | 10000 | 2000 |
| 21 | ၁၈ | အိပ်ယာခင်း | ၅ထည် | 3000 | 15000 | 3000 |
| 22 | ၁၉ | ဖျာ | အကြီးတစ်ခု | 12000 | 12000 | 44970 |
| 23 | ၂၀ | ခြင်ထောင် | အကြီးတစ်ထည် | 1800 | 18000 | |
| 24 | ၂၁ | သင်္ကန်းတင်ရန်၊သပိတ်တင်ရန် စင် | 20000 | 20000 | ||
| 25 | ၂၁ | မုန့်ဟင်းခါးကျွေးကုန်ကျမှု | 8500 | 85000 | ||
| 26 | ၂၂ | ကိုရင်များနေ့ဆွမ်းကပ် | 23-8-2010 | 10000 | 10000 | |
| 27 | ၂၃ | သီလရှင် တစ်ပါးအတွက် ကုန်ကျမှု | 50000 | |||
| 28 | စုစုပေါင်းကုန်ကျမှု | 419850 | ||||
| 29 | ||||||
လေးစားစွာဖြင့်
http://www.zaw357.net/
ကိုဖော် ပေးပို့ထားသော မေးလ်အား တဆင့်ကူးယူဖော်ပြအပ်ပါသည်။ ကိုဇော်အား အထူးကျေးဇူးတင်ပါ၏။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁နာရီခွဲ) Read more...
လောကဇတ်ခုံ
ပြာသောကောင်းကင်
ဖြူသော တိမ်တိုက်
စိမ်းသော ရေပြင်
တိုးသော လေညှင်း
ချစ်သူ
မချစ်သူ
ချစ်သလိုလို မချစ်သလိုလို
ချစ်သည်တခါ မချစ်သည်မလှည့်
အားလုံးအတွက်
*ပြည့်စုံခြင်း(၅)မျိုး*
Written by တောသားလေး 0 အကြံပြုပါသည်။ Posted in: သိမှတ်ဖွယ်ရာဓမ္မစာပေများ
မြတ်စွာဘုရားရှင်က ပျက်စီးခြင်းငါးမျိုးကိုဟောကြားခဲ့သလို ပြည့်စုံခြင်းငါးမျိုးရှိကြောင်းကိုလည်း အဂုင်္တ္တိရ်၊ ပဉ္စက၊ဗျသနသုတ်တွင် အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
ပြည့်စုံခြင်းငါးမျိုးမှာ-
၁။ အဆွေအမျိုးတို့၏ ပြည့်စုံခြင်း၊
၂။ စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်း၊
၃။ အနာရောဂါနှိပ်စက်မှုဟူသော ပြည့်စုံခြင်း၊
၎။ အကျင့်သီလ၏ ပြည့်စုံခြင်း၊
၅။ အယူ၏ ပြည့်စုံခြင်းတို့ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်က သတ္တ၀ါတို့သည် အဆွေအမျိုးတို့၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ၊ စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ၊ အနာကင်းမှု၏ပြည့်စုံခြင်းကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ကောင်းသောလားရာဖြစ်သောနတ်ပြည်၌ မဖြစ်ကုန်။
သတ္တ၀ါတို့သည် အကျင့်သီလ၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ၊ အယူ၏ပြည့်စုံခြင်းကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှကောင်းသောလားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏ဟောကြားတော်မူခဲ့ပါသည်။
ဆင်ခြေရာလို တရားတော်
သြဂုတ်လ ၃၀ ရက်နေ့တရားအစီအစဉ်များ.။
မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ဖားအောက်တောရဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏ ဟောကြားတော်မူသော
၁) စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး
၂) အယောဃရဇာတ်
၃) အဌကနဂရ-ကောလိယာ - မာလုကျ တရားတော်များကို
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူးတရားမြတ်များကို ရှာတွေ့နိုင်ကြပါစေ။

Posted by Htut Myat Minn at 1:17 PM Labels: နေ့စဉ် တရားအစီအစဉ် Read more...
စကားနောက် တရားပါ…
လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။ ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကား အပြောများရင်လည်း မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။ ဒါဟာ စကားနောက် တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။
မှန်ပါတယ်။ “စကားနောက် တရားပါ”ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် ပြောပါများရင် အဲဒီစကားရဲ့ တန်ပြန်အကျိုး သက်ရောက်မှုဟာ ပြောတဲ့သူထံ ပြန်ရောက်တတ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ စကားအပြောများရင် တရားသဘောအရ အမှားရော မမှားရောအတွက် မတရားတာတွေရော တရားတာပါ အမှန်ရောက်လာမှာ ဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဒီတော့ကား စကားပြောတဲ့သူတွေ ရွေးချယ်ရမှာက တရားတာတွေ ရောက်လာစေချင်တာလား၊ မတရားတာတွေ ရောက်လာစေချင်တာလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားတာတွေ ရောက်လာစေချင်ရင်တော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ပြောဆိုကြဖို့ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေမှာတော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ဖြစ်စေဖို့ ပြောသင့်တဲ့ စကားတွေ၊ ရှောင်ကြဉ်ရမယ့် စကားတွေကို ရှင်းလင်းဖော်ပြပါတယ်။ စကားပြောတဲ့အခါ ကောင်းတဲ့စကား သမ္မာဝါစာ ဖြစ်စေဖို့
၁။ လိမ်ညာပြောဆိုတဲ့ စကားမျိုး
၂။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေအောင် ချောပစ်ကုန်းတိုက်တဲ့ စကားမျိုး
၃။ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားမျိုး
၎။ ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတဲ့ အချဉ်းနှီးပြီး သိမ်ဖျင်းတဲ့ စကားမျိုးကို ရှောင်ကြဉ်ကြရမယ်လို့ စာပေက ဆိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ လူအများ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကား (၆)ခွန်းဖြစ်တဲ့
၁။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါးလည်း ကြားနာလိုတဲ့ စကား
၂။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
၃။ ဟုတ်မှန်ပြီး အကျိုးမရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
၎။ မဟုတ်မမှန် အကျိုးရှိကာ သူတပါး ကြားနာလိုတဲ့ စကား
၅။ မဟုတ်မမှန် အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၆။ မဟုတ်မမှန် အကျိုးလည်းမရှိ သူတပါးလည်း မကြားနာလိုတဲ့ စကား ဆိုတာတွေထဲက ဟုတ်မှန်ပြီး အကျိုးရှိကာ သူတပါးလည်း ကြားနာလိုတဲ့ စကားနဲ့ သူတပါး မကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့ ဒီစကားနှစ်မျိုးကိုပဲ ပြောဆိုတော်မူပါတယ်။ ဘုရားရှင်ဟာ စကားနောက်မှာ ကောင်းတဲ့ တရားတွေပါဖို့ စကားခြောက်ခွန်းထဲက လေးခွန်းကိုပယ်ပြီး နှစ်ခွန်းကိုပဲ မိန့်တော်မူပါတယ်။ ဒါဟာ သူတော်ကောင်းတွေရဲ့ စကားနောက် အမှန်တရားပါဖို့ ကျင့်သုံးတော်မူတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ပုထုဇင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ စကားကို အထိမ်းအကွပ်မရှိ၊ စောင့်စည်းမှုမရှိဘဲ လိုရင်လိုသလို မလိုရင် မလိုသလို ပြောဆိုတတ်ကြပါတယ်။ တရားတဲ့စကား၊ မတရားတဲ့ စကားတွေ နားမလည်ဘဲ ပြောချင်သလို လက်လွတ်စပယ် ပြောလေ့ရှိတတ်ကြပါတယ်။ လိုချင်တာရှိရင် လိမ်ပြောရမှာလည်း ၀န်မလေးသလို မြှောက်ပြောရမှာလည်း ၀န်မလေးတတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေရင် အပြစ်ပြောရမှာလည်း ၀န်မလေးတတ်သလို ဆဲဆိုကြိမ်းမောင်းကာ အပုတ်ချရမှာလည်း ၀န်မလေးတတ်ပါဘူး။ ဒီလို စကားကို ပေါ့ပေါ့တန်တန် အလွယ်တကူ ပြောဆိုတတ်တဲ့ အတွက်လည်း မဟုတ်မတရားတဲ့ စကား အပြောများလာခြင်းရဲ့ ရလာဘ်အဖြစ် နောက်ပိုင်း ဒီလိုပြောဆိုရတာကို အပြစ်တစ်ခုလို မမြင်တော့ဘဲ မဟုတ်တာ၊ မကောင်းတာမှန်သမျှ ပါးစပ်က အလွယ်တကူ ပြောဆိုဖြစ်ကုန်ပါတယ်။ မကောင်းမှု အကုသိုလ်ရဲ့ သဘောကလည်း အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ ဖြစ်ပါတယ်။
အခုလည်း ဒီလိုပါပဲ။ စကားကို အလွယ်တကူ အထိန်းအကွပ်မရှိ ပြောတတ်တဲ့အတွက် မတရားတဲ့ စကားတွေ ဖြစ်တတ်ကာ အဲဒီစကားနောက် မတရားတဲ့ အရာတွေ ပါကုန်တာ ဖြစ်ပါတယ်။ သာမန်ပုထုဇင်တွေ အနေနဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့ ငါးပါးသီလထဲမှာ အထိန်းရအခက်ဆုံး သီလသိက္ခာပုဒ်ဟာ မုသာဝါဒ သိက္ခာပုဒ်လို့ ပြောနိုင်ပါတယ်။ ပါးစပ်ကို စောင့်ထိန်းစေလိုတဲ့အတွက် သီလသိက္ခာပုဒ် တစ်ခုအနေနဲ့ ထိန်းစေလိုရင်း ဖြစ်ပေမယ့် ဒီပါးစပ်တစ်ခုကို ထိန်းဖို့ဟာ အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ “အပေါက်တစ်ရာကို ပိတ်လို့လွယ်တယ်၊ ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူး” လို့ ဆိုခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတိထားကြည့်မိရင် နေ့စဉ်ပါးစပ်က ပြောတဲ့အရာတွေမှာ ကောင်းတာထက် မကောင်းတာက များတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပါးစပ်က ကုသိုလ်နဲ့စပ်တဲ့ စကား၊ ကောင်းတဲ့စကား၊ ရတနာသုံးပါးနဲ့စပ်တဲ့ စကားတွေ ပြောဖြစ်ကြတာထက် ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သူ့ကြောင့်ဘာဖြစ်တယ် စတဲ့ သူများမကောင်းပြောတဲ့ စကား၊ အတင်းပြောတဲ့စကား၊ အပြစ်ပြောတဲ့ စကားတွေပဲ များနေတတ်တာကို တွေ့ရတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ စကားစတာတွေ ပြောဖြစ်လာပြီဆိုရင် ဒီလူတစ်ယောက်ဟာ မကောင်းတဲ့အလုပ်တွေမှာလည်း လုပ်ဖို့ ၀န်မလေးတော့ပါဘူး။
မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ သူ့စကားနဲ့သူ့ကိုပြန်ပြီး ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
နောက် ပါးစပ်က ပြောတဲ့စကားဟာ မမှန်တဲ့ စကားတွေများနေ၊ အကျိုးမရှိတဲ့ စကားတွေ များနေတဲ့အခါ အဲဒီသူတွေရဲ့ ပါးစပ်ဟာ အနံ့အသက်မကောင်းဘဲ စကားမပီ သွားလည်းမညီ ဖြစ်တတ်ကြောင်း စသဖြင့် စာပေအဖွင့်တွေမှာ ဆိုပါတယ်။ အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်မှာလည်း ဆရာတော်က “မုသားစကား၊ ပြောဆိုငြားမူ၊ စားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း”လို့ ဆောင်ပုဒ်ကဗျာ ဖွဲ့သီထားပါတယ်။ ဒါဟာ မဟုတ်မမှန်တဲ့ စကားကို ပြောဆိုတတ်တဲ့ သူတွေထံ ရောက်လာနိုင်တဲ့ သက်ရောက်မှု အကျိုးတရားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ မှန်ကန်တဲ့ စကားပြောဆိုတဲ့ သူတွေကျပြန်တော့ စကားပီပြီး သွားညီကာ ခံတွင်းအနံ့ကောင်းခြင်း စတဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှု အကျိုးတရားတွေကို ဖြစ်စေမှာ ဖြစ်ပါတယ်။
အရှင်မဟာမေဂ္ဂလာန်မထေရ်မြတ် နတ်ပြည်ကိုကြွတော့ နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ တွေ့ပါတယ်။ ဒီနတ်သားနဲ့တွေ့တော့ အရှင်မြတ်က “နတ်သား… သင်နတ်ပြည်ရောက်လာတာ ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ”လို့ မေးတော်မူတဲ့အခါ အမေးခံရတဲ့ နတ်သားက “အရှင်ဘုရား… တပည့်တော် ပြောရမှတောင် ရှက်လှပါတယ်ဘုရား…၊ တပည့်တော် လူ့ပြည်မှာတုန်းက တစ်ခြားကုသိုလ်ကောင်းမှုတွေ ဘာမှ မလုပ်ခဲ့ပါဘူးဘုရား၊ ဒါပေမယ့် မုသားမပြောဘဲ အမှန်ကိုသာ ပြောခဲ့တဲ့ သစ္စာအလုပ်တစ်ခုတော့ လုပ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ အမှန်ကိုပြောခဲ့ခြင်း ဆိုတဲ့ ဒီကုသိုလ်လေး တစ်ခုနဲ့ပဲ တပည့်တော် နတ်ပြည်ကို ရောက်လာတာ ဖြစ်ပါတယ်ဘုရား…”လို့ ပြန်လျှောက်ပါတယ်။ ဒါဟာ ကောင်းတဲ့စကားကို ပြောဆိုရခြင်းရဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှုရဲ့ စကားနောက် တရားပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားဆိုတာ တရားပါမှ မတရားတာကို ပယ်နိုင်ပြီး ကောင်းတဲ့အရာတွေ ပါမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။
ဆိုလိုတာက စကားနောက် တရားပါဆိုတဲ့ ဆိုရိုးအတိုင်း ဘယ်သူပဲဖြစ်ဖြစ် စကားပြောတဲ့အခါ စကားနောက်ကို တရားတွေက ပါနေကြမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုးတွေနဲ့ ကောင်းတဲ့တရားတွေ ပါလာစေဖို့ စကားပြောတဲ့အခါ ကောင်းတဲ့စကားတွေ ပြောနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကောင်းလည်းပြောတတ် မကောင်းလည်း ဟောတတ်တဲ့ ဒီပါးစပ်ဟာ အကောင်းပြောရင် အကောင်းရမှာဖြစ်ပြီး မကောင်းဟောရင် မကောင်းရမှာ ဖြစ်တဲ့အတွက် အကောင်းလည်းပြော အကောင်းလည်းဟောရင်း ကောင်းကျိုးတွေနဲ့ စကားနောက်ကို ကောင်းတဲ့တရားတွေ ရောက်အောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ပါးစပ်ဆိုတာ ပြောဖို့နဲ့ စားဖို့အတွက် သဘာဝက ဖန်တီးပေးတာ ဖြစ်ပေမယ့် ပြောချင်ရာပြော စားချင်ရာစား မယ်ဆိုရင်တော့ ကိုယ်ပြောတဲ့စကား၊ ကိုယ်စားတဲ့ အစားတွေကြောင့်ပဲ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေ ဖြစ်စေတတ်တဲ့အတွက် အကောင်းပြောပြီး အကောင်းစားနိုင်အောင် ပြောသမျှစကားတွေမှာ ကောင်းတာတွေ ဖြစ်စေဖို့နဲ့ စားသမျှအစားတွေမှာလည်း လောဘတဏှာတွေ မဖြစ်စေဖို့ စကားနောက်မှာ တကယ့်အစစ်အမှန် တရားတွေ ပါအောင်သာ ကြိုးစားကြပါလို့ စေတာနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ အားလုံး စကားနောက်ကို တကယ့်တရားတွေ ပါနိုင်ကြပါစေ…။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 11:17 AM
စုစည်းထားမှု = တွေးမိသမျှ
Read more...The Nature of Mind
Through the influence of senses
And mental faculties or defilements.
A.1:10
The Buddha And Trees II
gives, like this, the meditator should make no distinction between any beings, but develop love equally to thieves, murderers, enemies and to himself or herself.' (Mil.410). The general Buddhist attitude of respect for trees is expressed in these words from the Jataka. `Of the tree in whose shade one sits or lies, not a branch of it should he break, for if he did he would be a betrayer of a friend, an evil doer...of the tree in whose shade one sits or lies, not a leaf of it should he injure, for if he did he would be a betrayer of a friend, an evildoer.' (Ja.V,203). The Buddhacarita compares spiritual practice to a tree `whose fibers are patience, whose flowers are virtue, whose boughs are awareness and wisdom, which is rooted in resolution and which bears the fruit of Dhamma.' The Mahavastu says: `The meritorious person grows like a banyan tree, while the person of little merit becomes stunted like a tree planted in the roadway.' In his Bodhicariyavatara, the poet Santideva wrote of his pining for the peace of the forest life in these words: `The trees do not speak harsh words nor do they try to please by artifice. When shall I have the opportunity to dwell with those happy to live with the trees?' http://sdhammika.blogspot.com/2009/02/tree-grows-in-singapore.html
ကုမုဒြာပွင့်တဲ့ည အပိုင်း (၅)
ဂရုဂါရဝ ရိုသေမှ ထိခြင်း ငါးပါးရှိခိုးကြ
ထိခြင်းငါးပါး ဘုရားဦးသုံးကြိမ်ချပြီးတော့ ဝဲယာ နောက်မျက်နှာ ပေါ့လေ၊ အဲဒီသုံးဌာန သုံးရပ်မှာ ရှိနေတဲ့ သံဃာတော်တွေကို လှည့်ကြည့်ပြီးတော့ လက်အုပ်ချီပြီးတော့ ထိုင်သွားတယ်၊ ဦးမချဘူး။
ဘာကြောင့် ဦးမချတာလဲဆိုတော့ ဘုရားလည်း ဦးသုံးကြိမ်၊ သံဃာလည်း ဦးသုံးကြိမ်၊ လောကဓာတ်တစ်ခုလုံး အမြတ်ဆုံးဘုရားလည်း သုံးကြိမ် သံဃာလည်း၊ တပည့်သံဃာလည်း သုံးကြိမ်ပဲဆို၊ အဲဒါ ဘုရားကို မရိုသေ
ရာကျတယ်။
အဲ့တော့ ဖြစ်ဖို့ကောင်းတာက ဘုရားကို ဦးသုံးကြိမ်ချတယ်။ သံဃာကို တစ်ကြိမ်ချတယ်ဆိုတော့ သိပ်မဆိုးပါဘူး။ သို့သော် အဇာတသတ်မင်းကြီးက စိုးရိမ်နေတယ်၊ ဘုရားကိုဦးချပြီးတော့ သံဃာဘက်လှည့်လည် ဦးချ လိုက်ရော စဉ်းစားကြည့်တာ သူ့ရဲ့ ဒီ position ဟာဘယ်လိုဖြစ်သွား၊ စောစောက ဘုရားဘက်မျက်နှာမူလို့ဦးချတယ်၊ သံဃာတော် တွေဘက် လှည့်ပြီးဦးချလိုက်ရော ဘုရားကို ကျောပေးမိရဲ့သား ဖြစ်သွားတယ်။ အဲဒါကို သူကြောက်တာတဲ့၊ ဘုရားကို မရိုသေရာကျတယ်၊ ဘုန်းကြီးတို့ပရိသတ် သတိ မပြုမိဘူး၊ အဲဒါတွေကို ကြောက်တယ် စိုးရိမ်တယ်လို့ သူတို့မရှိကြဘူး။
ဟာ ဘုရားတစ်ဆူ သွားဖူးတယ်၊ မြတ်စွာဘုရားကို အားပါးတရဦးချ ရှိခိုး ပန်း ရေချမ်း ဆီးမီတင်ပြီးလည်ပြီးရော ပန်း ရေချမ်း ဆီမီး ကတစ်ဝက်ခွဲထားတယ်၊ ဘုရားတစ်ဝက် ကျန်တဲ့တစ်ဝက်ကို ယူသွားပြီးတော့ ဟိုး ဘက် စနေဒေါင့် ရာဟုဒေါင့် တစ်နေရာရှိတဲ့ ဘိုးတော်ကြီးသွားလဲရှိခိုးလိုက်ရော ဘုရားကျောပေးမိရဲ့သားဖြစ်သွားပါတယ်။
ဘုရားလည်းသုံးကြိမ်ပဲ၊ ဘိုးတော်လည်းသုံးကြိမ်ပဲဆို၊ ဘုရားနာတယ်၊ ဘုရားဘက်ကနာတယ်၊ ပြီးတော့ ဘုရားကို ကျောပေးပြီးမှဦးချတာ ဆိုတော့ပိုနာတယ်၊ ဒီပန်းကလေးက ဘုရားတစ်ဝက် ဘိုးတော်တစ်ဝက်ဆိုတော့ ဒါလည်းနာတာပဲ၊ အုန်းသီးများတင်လိုက်လို့ရှိရင် မြတ်စွာဘုရားက လက်ညှိုးလောက်ရှိတဲ့အုန်းသီးစိတ်လေး နှစ်စိတ် သုံးစိတ်ပဲရတယ်၊ ဟိုဘက်က ဘိုးတော် မယ်တော်က အလုံးလိုက်ရတယ်၊ ဒါလည်း ဘုရားဘက်ကနာတာပဲ၊ အဲဒီလို အဂါရဝတွေဖြစ်မှာစိုးလို့၊ အဇာတသတ်က ငါသည် ငါ့သာသနာက မရိုသေဘူးဆိုတဲ့ဥစ္စာကို သူကိုယ်တိုင် အဲဒါတွေးပြီးတော့ ကြောက်ပြီးတော့ သာသနာကို မရိုသေခြင်းဟာ သာသနာကွယ်ခြင်းရဲ့ အကြောင်း ဘုရားထက်ပိုပြီးတော့ ရိုသေစရာ တခြားမှာရှိနေတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သာသနာတစ်စိတ်တစ်ဒေသကွယ်လာပြီ။
အဲဒါကို ကြောက်ရွံ့ စိုးရွံ့တော်မူသောမင်းတရားက ဘုရားဦးချ ပြီးတော့ သံဃာတော်ကို လက်အုပ်ချီတယ်၊ အဲဒါကို အဋ္ဌကထာအကျယ်တ ဝင့်ဆုံးဖြတ်ပြောတယ်၊ ဒီကနေ့ဘုန်းကြီးဟုတ်လား၊ ပရိသတ်ကို ဘုန်းကြီးတို့ ရဲ့သာသနာတော်အတွက် ဒါကိုထည့်ပြီးတော့ အလေးအနက်ပြောပါတယ်၊ သာသနာကိုစောင့်ရှောက်တဲ့ သူတော်ကောင်းတွေ အဇာတသတ်မင်းကြီးရဲ့ ဒီကျင့်ထုံးဟာ လိုက်နာကျင့်သုံးစရာကောင်းတယ်။
အဲဒီလို တရိုတသေ ဘုရားကိုရှိခိုး၊ သံဃာတော်ကိုလက်အုပ်ချီပြီးတော့ သံဃာတွေကို ကြည့်လိုက်တော့ ငြိမ်တိတ်နေတာပဲ၊ တစ်ပါးမှချောင်း မဟန့်ဘူး၊ ထောင့်နှစ်ရာငါးဆယ်၊ တစ်ပါးတစ်လေကများ ဟပ်ချိုးလည်း မလုပ်ဘူး၊ ချောင်းလည်းမဟန့်ဘူး၊ ဘယ်ကိုယ်တော်ကမှ ဘုရင်ကြီးကိုလှမ်းပြီးတော့ ပြူးတူးပြဲတဲ ကြည့်တယ်ဆိုတာလဲ တစ်ပါးမှ မရှိဘူး။ ခေါင်းကငုံ့ထား မျက်လုံးကြီးလှန်ကြည့်တဲ့ကိုယ်တော်မျိုးလည်း မရှိဘူးဆိုတော့ အဇာတသတ်က သံဃာတော်တွေကြည့်ပြီးတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ အဲသံဃာတော်တွေငြိမ်သက်လိုက်တာ၊ ဘယ်လိုပြောသလဲ။
ငြိမ်သက်လိုက်တာပါဘုရား။
''သန္တော ဝတ အယံ ဘိက္ခုသံဃော''
ဟောဒီသံဃာတော်တွေငြိမ်သက်ပေစွတကား၊ သန္တဆိုတာ ငြိမ်သက်တာ၊ အလွန်ငြိမ်သက်တာပဲ၊ တစ်ထောင်ကျော် ဟတ်ချိုးသံ မကြားဘူး ချောင်းသံမကြားဘူး၊ စကားပြောသံမကြားဘူး။ ''ခိပိတသဒ္ဒေါပိ နအဒ္ဒေါသိ'' ချောင်းဟန့်တဲ့ဟတ်ချိုးသံလေးလည်းဘယ်မှမကြားရ ပရိသတ်ကြီး၊ အဲဒါကို ဘာခေါ်သလဲဆိုရင် ပါဠိလိုပြောရင် ''သုသိက္ခိတ သုဝိနယ''ခေါ်တယ်။ ဘာလိုခေါ်မလဲ။
သုသိက္ခိတ သုဝိနယပါဘုရား။
သုသိက္ခိတ ဆိုတာက ကောင်းစွာသင်ကြား လေ့ကျင့်ထားရတာ၊ သုဝိနယ ဆိုတာ ကောင်းစွာအဆုံးအမရထားတယ်၊ မင်္ဂလသုတ်မှာ မင်္ဂလာတစ်ပါး ''ဝိနယောစ သုသိက္ခိတော''နော်၊ well train in discipline စနစ်တကျ လေ့ကျင့်သင်ကြားထားတာ၊ အဲဒီတော့ ဗုဒ္ဓရှင်တော် ရဲ့သာဝကတွေဟာ အဲဒီ သုသိက္ခိတ သုဝိနယ ဂုဏ်ကြောင့် တစ်ထောင်ကျော်ကြီး ဘာဖြစ်လဲ ငြိမ်နေတယ်၊ မလှုပ်ဘူး၊ ဘုရင်ကြီးပဲဆိုပြီးတော့ အရေးတကြီး ပြူးတူးပြဲတဲထပြီး ကြည့်တဲ့ကိုယ်တော်လည်းတစ်ပါးမှမရှိဘူး။
မိမိပြုသောအမှု တစ်ဖန်ပြန်၍ စိုးရိမ်ပြီ
အဲဒါကို ဘုရင်ကြီးက တစိမ့်စိမ့်တွေးပြီးတော့ စိတ်ထဲမှာ ဟဲ့ ငါ့ရွှေနန်းတော်အတွင်းက ပရိသတ်အဲဒီလိုငြိမ်ရင်ကောင်းမှာပဲတဲ့ တွေးလာတယ်။ သူက အဖေသတ်ပြီးတော့ ထီးနန်းယူထားတော့ သူစိတ်မချဘူးလေ အထူးသဖြင့် သူစိတ်အပူဆုံးက သူ့သား ဥဒယဘဒ္ဒ အရွယ်တော်တော်လေးရောက်လာပြီ ငါ့သား ဥဒယဘဒ္ဒ ဒီသံဃာတော်များလို ငြိမ်းချမ်းရင် ကောင်းလေစွ တကား စိုးရိမ်စိတ်နဲ့ အဲဒီလိုတွေးနေတာကို မြတ်စွာဘုရားက သူ့စိတ် ကြည့်ပြီးတော့ သိသွားတယ်။ သိသွားတော့ ဘုရားကိုယ်တော်မြတ်က မင်းကြီး သင့်သား ဥဒယဘဒ္ဒအပေါ်မှာ သင်စိုးရိမ်သလား၊ သံဃာတော် အရှင်မြတ်တွေ ငြိမ်းချမ်းတာကို သင်ကြည်နူးသလား နှုတ်ဆက်စကားလေး ပြော တော်မူတယ်။
မြတ်စွာဘုရားကိုယ်တော်မြတ်ကို မော့ပြီးတော့ သူကြည့်တယ်၊ ဘာ ဖြေရမှန်းမသိဘူး၊ ပြီးတော့မှ မင်းတရားလာတော်မူတဲ့အကြောင်းရင်းကို ငါ့ဘုရားအားလျှောက်တော့ ဘုရားကလမ်းကြောင်းကိုဖွင့်ပေးရတာ၊ မပြောရဲ ပြောရဲဖြစ်နေတာ။ မဟာပရာဓတော လေ အဖေကိုသတ်ထားတဲ့အပြစ်က အလွန်ကြီးတော့ ဘုရားကိုယ်တော်မြတ်ကို သူစကားမစရဲဘူး၊ အဲဒီလို စိတ်တွေသိပ်ပြီးတော့ ပြန့်ကျဲနေတာ ပါဠိလိုပြောမယ်ဆိုရင် ဝိက္ခိတ္တစိတ္တ ပြန့်ကျဲနေတဲ့စိတ် distression agitation irritation အဲဒီလို ပူပန်ပြီးတော့ စိတ်တွေပြန့်ပြီးတော့နေတာ ဘုရားက ဒကာတော် မင်းကြီး လာလိုတဲ့အကြောင်းအရာကိုလျှောက်စမ်း၊ ဘုရားက ဒီလိုလမ်းကြောင်းပေးလိုက်တော့မှ တပည့်တော်လျှောက်ပါ့မယ်ဆိုပြီးတော့ သူလျှောက်တယ်။
ရဟန်းပြုခြင်း၏ အကျိုးကျေးဇူး အထူးသိဖို့လို
အရှင်ဘုရားတို့ ရဟန်းပြုကြတဲ့ အရှင်ဘုရားတို့တတွေ ရဟန်းဘဝ မျက်မှောကထင်ထင် ရနိုင်တဲ့ အကျိုးဟာဘာရှိသလဲတဲ့၊ လာမေးတယ်။ တပည့်တော် သောကငြိမ်းအောင် ဟောပေးပါလို့မပြောဘူးနော်၊ ဟန်လုပ် ထားတယ်၊ တကယ်ပြောချင်တာက အဲဒါ ရင်ထဲပူလောင်နေတာတွေ၊ အဲဒါ ငြိမ်းချမ်းအောင်လုပ်ပေးပါလို့ ပြောချင်တာ အဲဒါထွက်မလာဘဲနဲ့ ရဟန်း ဝတ်တာ ဘာအကျိုးရှိသလဲတဲ့။
သန္ဒိဋ္ဌိကံ သာမညဖလံ မျက်မှောက်ထင်ထင် ကိုယ်တိုင်ရနိုင်တဲ့ ရဟန်းပြုခြင်းရဲ့ အကျိုးကျေးဇူးကို တပည့်တော်အား မိန့်ကြားပါဆိုတော့ မြတ်စွာဘုရားက ဒကာတော်မင်းကြီး အဲဒီမေးခွန်းမျိုးကို ငါ့ဘုရားထံ လာ ရောက်၍မမေးသေးမီ ဘယ်သူတွေ ဘယ်သူ့တွေထံမှာသွားပြီးတော့ မေးဖူးသေးသလဲဆိုတော့မှ ရင်ထဲမှ နည်းနည်း ခေတ်လိုပြောရင် ရင်ခုန်တာလေးတွေ ငြိမ်းသွားစေဖို့ ဘုရားရှင်အချိန်ဆွဲတာ၊ အဲဒီတော့ သူ့အတွေ့အကြုံ အကုန်လုံး ဘုရားအား လျှောက်တယ်ပေါ့ဗျာ။ ဒါဘာပြောဖို့လိုတော့လဲ၊ ခြောက်ယောက်ထံကို ခြောက်ခေါက်သွားခဲ့ပြီးပြီ၊ အမတ်ခြောက်အုပ်စုက လမ်းညွှန်လိုက်လို့ ဒီလိုမဟုတ်လား။
မှန်ပါ့ဘုရား။
ခြောက်ယောက်ထံကို ဘယ်နှစ်ခေါက်ရောက်သလဲ။
ခြောက်ခေါက်ပါဘုရား။
ခြောက်ယောက်ထံရောက်တော့ တရားခြောက်မျိုးနာရတာ သူ့စိတ် ထဲ ရင်ထဲမှာ ငြိမ်းသလား။
မငြိမ်းပါဘုရား။
မငြိမ်းဘဲနဲ့ဒေါသတွေဖြစ်ပြီးတော့ ပိုပြီးပူလာသေးတယ်။ ခြောက်ယောက်သော ဆရာကြီးတွေ ဟောလိုက်တဲ့တရားက ပရိသတ်ရေပေါင်းလိုက်ရင် သုံးလုံးပဲရှိတယ်။
(၁) နတ္ထိကဒိဋ္ဌိ
(၂) အဟေတုကဒိဋ္ဌိ
(၃) အကြိယဒိဋ္ဌိ ဒီသုံးခု
နတ္ထိကဆိုတာ ဘာလုပ်လုပ် ဘာအကျိုးမှမရှိဘူး။ အဟေတုကဒိဋ္ဌိ ဆိုတာက ဘာဖြစ်ဖြစ် ဘာအကြောင်းကြောင့်မှမဟုတ်။ အကြိယဒိဋ္ဌိဆိုတာက ဘာမှလုပ်နေဖို့မလိုဘူး။ အဲဒီဝါဒသုံးခု၊ ဒါကိုပြန်ပြီးတော့ ပေါင်းချလိုက်ရင် ဒါဟာ နိယတမိစ္ဆာဒိဋ္ဌိခေါ်တယ်၊ ဘာခေါ်မလဲ။
နိယတမိစ္ဆာဒိဋ္ဌိပါဘုရား။
ဒီအနန္တရိယကံကြီးငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိက
နိယတဆိုတာ ကိန်းသေမြဲတယ်တဲ့၊ မိစ္ဆာဒိဋ္ဌိဘယ်မှာကိန်းသေမြဲသလဲ အဝိစီမှာ၊ အဝိစီငရဲကြီးထဲမှာ အဲဒီပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ ဟောဒီ ကမ္ဘာကြီးက ရေကြောင့်လား၊ မီးကြောင့်လား၊ လေကြောင့်လား၊ ကမ္ဘာပျက်တဲ့ နေ့မှာ ငရဲရှစ်ထပ်လည်းပါတာကို။ အဝီစိငရဲကြီးပျက်သွားတယ်၊ အမေ သတ်လို့၊ အဖေ သတ်လို့၊ ရဟန္တာသတ်လို့၊ ဘိက္ခူနီမကိုပြစ်မှားလို့ စော်ကားလို့၊ သံဃာကို သင်းကွဲအောင်ပြုလို့ အဲဒီအနန္တရိယကံကြီးငါးပါးနှင့် အဝီ စိရောက်တဲ့ပုဂ္ဂိုလ်သည် ကမ္ဘာပျက်တဲ့နေ့မှာ အဝီစိငရဲကြီးပါ ပျက်တော့ အနန္တရိယကံငါးပါးနှင့် ရောက်တဲ့လူငါးယောက်ဟာ လွတ်သွားတယ်။ နိယတမိစ္ဆာဒိဋ္ဌိသမားဟာမလွတ်ဘူး၊ ဒီကမ္ဘာပျက်လို့ရှိရင် မပျက်တဲ့ဟိုကမ္ဘာ သူတို့ ပြောင်းခံရတယ်တဲ့၊ ဒီထောင်ကနေ ဟိုထောင်ပြောင်းတဲ့ ထောင်သက်ရှည် တဲ့လူလိုဖြစ်လာတာ၊ နိယတမိစ္ဆာဒိဋ္ဌိက ဒီလိုဆိုးတာ။
အဲဒီတော့ ခုနက ပြောခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ယောက် ပြီးတော့ မြတ်စွာဘုရားကို သုံးခါသတ်၊ သံဃာကို ခွဲထွက်သွားတဲ့ အရှင်ဒေဝဒတ်တို့ အဲဒီအုပ်စုကြီး တစ်စုလုံး၊ အခုလိုတရားပွဲမှာ ဘုရားကို ကာမဂုဏ်ကိစ္စနှင့် ယုတ်ယုတ်မာမာစွပ်စွဲတဲ့ မိန်းမတစ်ယောက် ဘယ်သူလဲ။
စိဉ္စမာနပါဘုရား။
တယ်သိတယ် ကိုယ့်ဆွေကိုယ်မျိုးလိုပဲ မကောင်းတာကြတော့ တော်တော်သိတဲ့လူတွေပဲ၊ ကောင်းတာပြောလိုက်ရင်တော့ သူတို့သိပ်မသိဘူး။ အဲဒီလို ယုတ်မာတဲ့အုပ်စုတွေ အကုန်လုံး ဒီကနေ့ အဝီစိမှာရှိနေသေးတယ်။ ဘုန်းကြီးတို့ဟောဒီ လှိုင်မြို့နယ်ကလူတွေ အဲဒီပုဂ္ဂိုလ်တွေ တိတ္ထိဆရာကြီး ခြောက်ယောက် စိဉ္စမာနရော ဒေဝဒတ်ရော ဘုရားရဲ့ယောက္ခမကြီသုပ္ပဗုဒ္ဓ ရှင်ဘုရင်ကြီးရော အဝီစိမှာ ရှိနေတဲ့ဥစ္စာကို ယုံရဲ့လား။
ယုံပါတယ်ဘုရား။
လေသံတော်တော်ပျော့သွားတယ် သိပ်ယုံပုံမရဘူး။ ယုံပါလို့ ဘုန်းကြီးတို့ အတင်းမပြောပါဘူး၊ ကိုယ်ရောက်တဲ့နေ့ကျရင် လိုက်ရှာကြ၊ မယုံတဲ့လူက အဲဒီကိုရောက်ကိုရောက်သွားတာ။ ကိုယ်ရောက်ခါမှ ရှာကြည့်၊ စိဉ္စ မာနတွေ့ရင် လက်ဆွဲနှုတ်ဆက်လိုက်၊ နေကောင်းရဲ့လား။ မင်းဒီမှာနေရတာ ပျော်ရဲ့လား၊ မေးကြည့်လိုက်ပေါ့ဗျာ။ ကိုယ့်အပေါင်းအသင်းတွေပဲဥစ္စာ မယုံတဲ့လူက မပြောရဲပါဘူးနော်၊ ဟုတ်လား။ မယုံရင်နေ seeing is a believe မြင်ရတဲ့အခါကြတော့ ယုံမှာပဲ။
အဲဒီတော့ နိယတမိစ္ဆာဒိဋ္ဌိသည် အနန္တရိယကံကြီးငါးပါးထက်ပို ပြီးတော့ ဘာဖြစ်လဲ၊ ငရဲသက်ပိုရှည်တယ်တဲ့၊ အဲဒီကြောက်စရာအကောင်းဆုံးက အဲဒါ မိစ္ဆာဒိဋ္ဌိပဲ၊ ဒီတော့ မြတ်စွာဘုရားရှင်တော်မြတ်ရဲ့ ရှေ့မှောက်မှာ အခုအဇာတသတ်က သူရောက်ခဲ့တဲ့ တိတ္ထိဆရာကြီးခြောက်ယောက်နဲ့ နာခဲ့ရတဲ့ဝါဒခြောက်ပုဒ် ဘုရားကိုအကုန်လျှောက်တယ်။
မြတ်စွာဘုရားကိုယ်တော်မြတ်ကိုလည်းပဲ အဲဒီ သန္ဒိဋ္ဌိက သာမညဖလဆိုတာ ဘာများလဲဆိုတာကို သူမေးတယ်၊ ဒီတော့မြတ်စွာဘုရားက ဖြေပြတယ်၊ ဒကာတော်မင်းကြီး သင့်နန်းတော်မှာသင့်ရဲ့ အစေအပါးမင်းမှုထမ်း တစ်ယောက်ရှိတယ်ဆိုပါစို့၊ ရှိပေါ့ဘုရား တစ်ယောက်ဘယ်ကမလဲ၊ မရေ မတွက်နိုင်မြောက်များစွာရှိပါတယ်၊ အနိမ့်ဆုံး မင်းမှုထမ်းသင့်ရဲ့ဖိနပ်ကိုသန့်ရှင်းအောင်လုပ်ရတယ်၊ အိမ်သာသန့်ရှင်းအောင်လုပ်ရတယ်၊ တံမြက်လှည်းရတယ်၊ အဲဒီလိုအောက်ဆုံးက သင့်ရဲ့အစေအပါးဝန်ထမ်းအလုပ်သမား တစ်ယောက်ကို သင်က ခွင့်ပြုလိုက်လို့ မင်းမှုထမ်းအဖြစ်ကနေ ထွက်ပြီးတော့ ငါ့ဘုရားသာသနာမှာ ရဟန်းဝတ်သွားတယ်ဆိုရင် အဲဒီမင်းမှုထမ်းဘဝက ထွက်လာခဲ့တဲ့ ရဟန်းနဲ့ အသင်းမင်းတရားတို့ တွေ့ကြုံတဲ့အခါ သင်၏ရွှေနန်းတော်က ထိုမင်းမှုထမ်းဘဝမှ ပြောင်းလာသော ရဟန်းက သင့်ကိုရှိခိုး ရမလား၊ သင်ကထိုရဟန်းကိုရှိခိုးရမလား၊ မင်းကြီးအဲဒါပြောပါ။
ပရိသတ်ရေအဖြေကသိပ်ရှင်းသွားပြီ၊ ရှင်ဘုရင်လက်အောက်မှာ အမှုထမ်းတုန်းကတော့ နေ့ရှိသရွေ့ ဘုရင်မျက်နှာမော့ကြည့်ပြီးတော့ရှိခိုးရတယ်နော်။
မှန်ပါ့ဘုရား။
ရဟန်းဝတ်သွားပြီလည်းဆိုရော အဲဒီရဟန်းက ဒီဘုရင်ကိုပြန်ရှိခိုး ဖို့ လိုသေးသလား။
မလိုတော့ပါဘုရား။
ဒါဟာ သန္ဒိဋ္ဌိက သာမညဖလဆိုတာ အဲဒီကစတယ်၊ မျက်မှောက် ရဟန်းဘဝရတဲ့အကျိုးကျေးဇူးက အဲဒါပဲ၊ အဲဒီကစတာ ရဟန်းဘဝရောက်ပြီဆိုကတည်း ကိုက မင်းမှုထမ်းအဖြစ်ကလည်း လွတ်မြောက်တယ်၊ ကျေးကျွန် အဖြစ်ကလည်း လွတ်မြောက်တယ်။ အဲဒီလိုလွတ်မြောက်လာပြီးတော့ သူတစ်ပါးရဲ့အခစား အစေအပါးအဖြစ်မျိုးက သန့်ရှင်းစင်၍ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်သည် သြော် သူ့ထက်သိက္ခာကြီးသော ရဟန်းများကလွဲရင် ဘယ်လို လူမျိုးကို မဆို သူသည်အရိုအသေပေးဖို့ ရှိခိုးဖို့မလိုတော့ဘူး။ အသင်မင်းကြီးကပဲ ထိုရဟန်းကို ရှိခိုးရမယ်၊ ခရီးဦးကြိုရမယ်၊ နေရာထိုင်ခင်းပေးရမယ်၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး လေးပါးသောပစ္စည်းကိုထောက် အသင် မင်းကြီးကပဲ စောင့်ရှောက်ရမယ်၊ ဒကာတော်မင်းကြီး မှန်ရဲ့လား။
မှန်ပါတယ်ဘုရား။
သာဓု သာဓု သာဓု....ပါဘုရား။
အပိုင်း (၆) ဆက်ပါဦးမည်။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂၈-၈-၂၀၁၀
ယတြာချေ..ခဲ့..ရက်

နောင်တ..အနေနဲ့ …..ချည်
ကျုံးသွင်းလာမယ့် ဘ၀ဆီ ဇွတ်တိုး မ၀င်ဘူး။
လိုအင်..“ စိတ်အိုင်” နောက်ကျိ ရုံလောက်နဲ့
ငါ့….ခြေထောက် ဗွက်မပေါက်….ရဘူး။
ငါ့….ကိုယ်ကျင့်တရား မခြောက်ခမ်း….ရဘူး။
အိပ်မက်…တွေ မျှော်လင်..့ မရတော့ရင်၊
နေ့စွဲ...တွေ ထပ်တူမကျ ခဲ့ရင်၊
ခြေလှမ်း…တွေ ပန်းဝင်မရောက် သေးရင်၊
နေ..လနဲ့.ကမ္ဘာကြား….ညှပ် ..မိသလို
နေကြတ် ..မိုက်မှောင် မသွား စေရဘူး။
လမ်းလွှဲ…နေတာ မဟုတ်ရင်တော့
ငါ….ကံဆိုး..နေပြီး။
ဥက္ကာပျံ (ဘီးလူးကျွန်း)
နေထွက်နေဝင်
ရွှေဘိုဓါး
ဖောက်ထွင်း တိမ်ယံ တခဲနက်။
ခွာသံ ဖြောက်ဖြောက်၊ ဓားကို မြှောက်လျက်
မကြောက်မလေး၊ ခြင်္သေ့သွေးဖြင့်
ခုန်ပြေး ထစ်ကြုံး၊ တိုက် ချေမှုန်းသည်
စည်းလုံးခြင်း၏ ရလာဒ်တစ်ခု။
နယ်ချဲ့ ခြေကုပ်၊ အမြစ်ဖြုတ်။
သုတ်သင် ဖယ်ရှား ရွှေဘိုဓါး။
လူ့အခွင့်အရေး၊ လူကိုပေးဖို့
သွေးနှင့်ရင်းစက်၊ ပုစ္ဆာတွက်
နက်နဲ စံထား၊ ရွှေဘိုဓါး။
ထန်းတော လယ်တော၊ ထနောင်းတောမှ
ရသောအသိ၊ ဘ၀ညှိ၍
ပြည်၏တံခွန်၊ ယောင်္ကျားမွန်တို့
ခွန်နှင့်အားနှင့်၊ တံခါးဖွင့်သည်
ဝင့်သားလက်သား ရွှေဘိုဓါး။
ရဲသော် စာမရီ
ကြည်သော် မှန်သား
သွားသော် ပေါက်ကျိုင်း
စိုင်းသော် သိန္ဓဝ
အာဂသဘော၊ စင်းလုံးချောဖြင့်
ထက်သော သည်ဓါး၊ ကြွားထက် ကြွားစေ
မ၀ါးမထွေး၊ အရုဏ်သွေးတိုင်း
အခွေးမပျက်၊ ချေးမတတ်အောင်
ဆက်၍ဆက်၍ မြစေလော့။
သီတဂူဆရာတော်ဘုရားကြီးနှင့်ဆရာတော်ဘုရားများ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့-သို့ သာသနာပြုခရီးကြွရောက်တော်မူခြင်း


အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌ(Maharashtra)ပြည်နယ်၊ မွမ်ဘိုင်း(ဘုံဘေ)မြို့၊ ကေ.ဂျေ.စောမယကောလိပ် (K.J.Somaiya College)၊ ဗုဒ္ဓဘာသာဌာန(Buddhist Studies)မှ ကြီးမှုးကျင်းပသော (၆)ကြိမ်မြောက် ကမ္မဌာန်းနည်းများဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကို စက်တင်ဘာ ၃-ရက်နေ့မှ ၅-ရက်(၃-၉-၂၀၁၀/ ၅-၉-၂၀၁၀)နေ့ထိ ကျင်းပမည်ဖြစ်ရာ ဖော်ပြပါ ဆရာတော်ကြီးများ ကြွရောက်တော်မူကြမည်ဟု သတင်းရရှိပါသည်။
(၁) သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တညဏိဿရ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D (India), D.Litt, D.Litt (Thailand), D.Litt (Myanmar)၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အဓိပတိ၊ စစ်ကိုင်း)
(၂) ဓမ္မဒူတဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ Ph.D (Myanmar)၊ အပြည် ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်)
(၃) ငါးကျမ်းပြန်ကျောင်း(ရန်ကုန်)နှင့် မေတ္တာနန္ဒ၀ိဟာရဓမ္မရိပ်သာ(အမေရိကန်နိုင်)ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မပိယ (Ph.D(U.S.A)၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်-ဧည့်ပါမောက္ခ၊ ရန်ကုန်)
မှတ်ချက်။ ။ ဆရာတော်ဘုရားကြီးများသည် ၂-၉-၂၀၁၀-နေ့တွင် ကြွရောက်ကြမည်ဖြစ်သည်။ ညီလာခံတွင် စာတမ်းများ ဖတ်ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ တရုတ်, ဂျပန်, ကိုးရီးယား, ထိုင်း, ဗီယက်နမ်, တိဘက် (ထေရ၀ါဒ၊ မဟာယာန) စသည့် ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ကမ္ဘာကျော်ဝိပဿနာဆရာကြီး ဂိုအင်ကာနှင့်တွေ့ဆုံခြင်း၊ ဆရာကြီး ဦးစီးတည်ထားသော ရွှေတိဂုံဘုရားကြီး ပုံစံတူ ဂလိုဘယ်ဘုရားကြီးအား သွားရောက်ဖူးမျော်ကြည်ညိုခြင်း၊ မွမ်ဘိုင်းမြို့, ပုနေးမြို့တို့တွင် ပညာသင်ကြားလျှက်ရှိသော စာသင်သားသံဃာတော်များအား သြ၀ါဒပေးခြင်း၊ မွမ်ဘိုင်းမြို့ရှိ ထင်ရှားကျော်ကြားသောနေရာများသို့ သွားရောက်ကြည့်ရှု့ကြပြီးနောက် ၅-၉-၂၀၁၀-နေ့တွင် မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကြမည်ဟု သတင်းရရှိပါသည်။
Labels: ဘာသာရေး ဆောင်းပါးများ
Posted by Maungtinyin (မောင်တင့်ယဉ်) at Saturday, August 28, 2010
ပညတ်နှင့် ပရမတ်…
ပညတ္တိအတ္ထ၊ ပရမတ္ထဟူသော စကားများကို မြန်မာမှုပြုကာ ပညတ်၊ ပရမတ်ဟု အလွယ်ပြောဆို နေကြသည့် ထိုစကားများ၏ မူရင်းအနက်အဓိပ္ပါယ်ကို ဗုဒ္ဓအဘိဓမ္မာ စာပေများတွင် ဥပမာအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ ဘာသာဋီကာ ကျမ်းပြုဆရာတော် အရှင်မြတ်ကလည်း ပညတ္တိအတ္ထ၊ ပရမတ္ထတို့၏ အဓိပ္ပါယ်များကို သဂြုင်္ိဟ်ဘာသာဋီကာ ကျမ်းစာတွင် ဖွင့်ဆိုရှင်းပြထား၏။ ဘာသာဋီကာကျမ်းပြု ဆရာတော် အရှင်ဇနကာဘိဝံသက “လူနတ်ဗြဟ္မာ စသော သက်ရှိသတ္တ၀ါ အကောင်အထည် ဒြဗ်နှင့် ရေမြေတောတောင် အိမ်ကျောင်းစသော သက်မဲ့အရာဝတ္ထု ဟူသည်ကို ပညတ္တိအတ္ထဟု ဆိုကြောင်း၊ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော အနက်ဒြဗ်ဖြစ်သောကြောင့် ထိုပညတ္တိအတ္ထကို သမ္မုတိအတ္ထဟုလည်း ဆိုကြောင်း” စသည်ဖြင့် ပညတ်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြ၏။ ပရမတ္ထ၏ အဓိပ္ပါယ်နှင့် ပတ်သက်၍လည်း “ပရမတ္ထဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက်သဘော၊ ဗလောင်းဗလဲ ပြောင်းလဲခြင်းသဘော မရှိသော အနက်သဘောကို ဆိုကြောင်း” စသည်ဖြင့် ရှင်းပြ၏။
ထိုပညတ် ပရမတ်တို့တွင် ပညတ်သည် အကယ်စင်စစ် ထင်ရှားမရှိလှပေ။ ပုထုဇင်တို့က အဟုတ်အမှန် ရှိသည်ဟု ထင်ကြသော်လည်း အသေအချာ ခွဲခြမ်းစစ်သည့်အခါ အမှန်တကယ်မရှိ ဖြစ်နေတတ်ပေ၏။ လူကောင်ကြီးကို စစ်ဆေးလျှင် ဆံပင်အမွေးစသည့် ကောဋ္ဌာသ အစုအဝေးကိုသာ တွေ့ရမည်ဖြစ်ပြီး လူကိုတွေ့ရမည် မဟုတ်ပေ။ ထို့အတူ ဆံပင်အမွေး စသည်ကို စစ်ဆေးပြန်လျှင်လည်း ဆံပင် အမွေးစသည်ကို မတွေ့ရဘဲ ရုပ်အစုအဝေးကိုသာ တွေ့ရမည်ဖြစ်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ သဘောပင်ဖြစ်၏။ လောက အမှတ်အသားများအရ ရှိသည်ဟု ဆိုရသော်လည်း ဉာဏ်ဖြင့် စစ်ဆေးကြည့်သည့်အခါ အထင်အရှား မရှိတတ်ကြပေ။ ရုပ်နာမ်ဟူသော ပရမတ်သည်သာ အမှန်ရှိနေပြီး ဉာစ်ဖြင့်စစ်ဆေးနိုင်လေ အမှန်ရှိကြောင်း ထင်ရှားလေ ဖြစ်ပေ၏။ ထို့ကြောင့် ပညတ်သည် ရှိသော်လည်း မရှိသည့်တရား၊ ပရမတ်သည်ကား ကြည့်နိုင်လေ ရှိလေတရားဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။
ထို့အတူ ပညတ်သည် ဖောက်ပြန်တတ်သည့် တရားဖြစ်ပြီး ပရမတ်သည်ကား မဖောက်ပြန်တတ်သည့် တရားဖြစ်သည်မှာလည်း ထင်ရှားလှ၏။ ဥပမာအားဖြင့် လူဟူသော ခန္ဓာကိုယ်ဒြပ် အထည်ပညတ်ကြီးကို ဖျက်စီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ၊ ခြေသည်းလက်သည်း တစ်ပုံ၊ အရိုးတစ်ပုံ၊ သွားတစ်ပုံ၊ အရေတစ်ပုံ စသည်ဖြင့် စုပုံထားလျှင် လူမဟုတ်တော့ပေ။ လူဟူသော ပညတ်ကြီး ဖောက်ပြန်သွားပြီ ဖြစ်၏။ ဆံပင်အမွေးစသည့် ပညတ်များသာ ရှိလေတော့၏။ ထို ဆံပင်အမွေးစသည့် အစုပုံများထဲမှ အရိုးဟူသော ပညတ်အစုကိုလည်း မီးရှို့ဖျက်စီးလိုက်ပါက အရိုးဟူသည် မရှိတော့ဘဲ အရိုးဟူသော ပညတ်မှ မီးသွေးပြာဟူသော ပညတ်သို့ ပြောင်းလဲသွားလေတော့၏။ ထိုမီးသွေးကိုလည်း မှုန့်မှုန့်ညက်ညက် ထောင်းထုပြန်လျှင် မီးသွေးမဟုတ်တော့ဘဲ မြေမှုန့်အဖြစ် ပြောင်းသွားပြန်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ ထာဝရမတည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောပင် ဖြစ်၏။
ပရမတ်သဘောသည်ကား မည်သည့်အချိန်၊ မည်သို့သော အရာများတွင်မှ ပြောင်းလဲဖောက်ပြန်ခြင်း သဘောမရှိလှပေ။ ဥပမာအားဖြင့် ရုပ်နာမ်တရားတို့တွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး သဘောတရားများ ပါရှိ၏။ ပထ၀ီဓာတ်သည် ခိုင်မာခြင်း (ကက္ခဠ) သဘောရှိ၏။ ထို့ကြောင့် မည်သည့် ရုပ်နာမ်တွင်မဆို ထိုသဘောကို တွေ့ရမည် ဖြစ်၏။ အထက်တွင် ဆိုခဲ့သည့် မြေမှုန့်တွင်လည်း ဤပထ၀ီဓာတ်မှုန့်များ များစွာပါရှိ၏။ ထိုပထ၀ီဓာတ်၏ ခိုင်မာခြင်း (ကက္ခဠ) သဘောကို ဖွဲ့စည်းခြင်း (အာဗန္ဓ) သဘောသို့ ပြောင်းလွဲသွားအောင် ပြောင်း၍ မရပေ။ ထို့အတူ စိတ်၏အာရုံကို သိခြင်း (၀ိဇာနန) သဘောကို တွေ့ထိခြင်း (ဖုသန)စသော သဘောသို့ လည်းကောင်း၊ ဖဿ၏ တွေ့ထိခြင်း (ဖုသန) သဘောကို ခံစားခြင်း (အနုဘာဝ)စသော သဘောသို့လည်းကောင်း စသည်ဖြင့် ပြောင်းလဲသွားအောင် မည်သူမျှ မပြုလုပ်နိုင်ပေ။ နိဗ္ဗာန်၏ ငြိမ်းအေးခြင်း (သန္တိ) သဘော၏ မဖောက်ပြန်မှုကား ဆိုဖွယ်မရှိလှပေ။ အလားတူပင်။ လောဘစသည် တို့သည်လည်း လိုချင်မှုစသော သဘောမှ မပြောင်းလဲ၊ အလောဘစသည် တို့သည်လည်း မလိုချင်မှု သဘောမှ မပြောင်းလဲကြဘဲ မိမိ၏ မဖောက်ပြန်ခြင်း ပရမတ်သဘောအတိုင်း တစ်သမတ်တည်းပင် တည်ရှိနေလေ၏။ ကောင်းလျှင်လည်း ကောင်းသည့်အတိုင်း၊ မကောင်းလျှင်လည်း မကောင်းသည့်အတိုင်းသာ တည်ရှိနေပေ၏။ ဤသည်မှာ ပရမတ်ဟူသမျှတို့၏ မဖောက်ပြန်ခြင်း၊ မပြောင်းလဲခြင်း သဘောပင် ဖြစ်ပါ၏။
စင်စစ် ပညတ်နှင့် ပရမတ်တို့သည် ဆက်စပ်နေသည့် တရားများဖြစ်ပြီး အသီးသီး အမှီပြုကာ အကျိုးပြုနေသည့် တရားများဖြစ်၏။ ပညာရှင်တို့အဆိုအရ နှမ်းမှ ဆီကို ထုတ်ယူရသကဲ့သို့ ပရမတ်အနှစ်ကိုလည်း ပညတ်မှပင် ဉာဏ်ဖြင့် ထုတ်ယူကြရမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူဟူသော ပညတ်ကို ဉာဏ်ဖြင့် ခွဲဖျက်၍ ဆံပင်တခြား၊ အမွေးတခြား၊ ခြေသည်းလက်သည်း တခြား၊ သွား၊ အရေ၊ အရိုး၊ အကြော စသည် တခြားအဖြစ် ခွဲကြည့်လျှင် လူဟူသည့် ပုံသဏ္ဌာန် မရှိဘဲ ဆံပင်၊ အမွေး စသည်သာ ရှိမည်ဖြစ်၏။ ထိုဆံပင်စသည် များသည်လည်း ပညတ်များသာ ဖြစ်၏။ ဆံပင်စသည်ကို ထပ်၍ စစ်ဆေးကြည့်လျှင် သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများသာ ပူးတွဲပေါင်းစပ်နေသည်ကို တွေ့ရမည်ဖြစ်၏။ ထို့ကြောင့် ဆံပင်စသည့် အခေါ်အဝေါ်များသည် အမှန်တကယ် မရှိသည့် ပညတ်များဖြစ်ပြီး ထိုဆံပင်စသည်တို့တွင် အမှန်ရှိသည်မှာ သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများခေါ် ပရမတ်များသာ အမှန်ရှိနေသည်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်၏။ ဤသို့သော ရုပ်ကလာပ်များဖြစ်သည့် ပရမတ်သဘောများအထိ မြင်အောင် ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။
ထို့အပြင် လူဟူသောဒြဗ်တွင်လည်း အာရုံကို သိတတ်ထိတတ် ခံစားတတ်သည့် စိတ် ဝေဒနာ ဖဿစသည့် နာမ်ပရမတ်များလည်း ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ အစစ်အမှန် ထုတ်ယူရမည်ဆိုလျှင် လူဟူသော သက်ရှိပညတ်မှ ရုပ်နာမ်ဟူသော ပရမတ်ကို ထုတ်ယူကြရမည် ဖြစ်၏။ ထို့အတူ သတ်မဲ့ပညတ် တို့တွင်လည်း တောဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထုများသာ ဖြစ်ပြီး ထိုသစ်ပင်များကို တစ်ခုချင်း ခွဲခြားကြည့ှ်လျှင် တောဟူသည် ပြစရာ မရှိလှပေ။ ထိုသို့သော သက်မဲ့ပညတ်များမှလည်း အဋ္ဌကလာပ်ရုပ်ဟူသော ပရမတ်သဘောကို ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။ ဤသို့လျှင် သက်ရှိသက်မဲ့ ပညတ်များမှ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို ထုတ်ယူကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။
စင်စစ် ထိုသို့တိုက်တွန်း သမှုပြုကြသော်လည်း ထိုပညတ်နှင့် ပရမတ်သဘောကို အမှန်အစစ်သိရန် မလွယ်လှပေ။ အထူးသဖြင့် ပုထုဇင်တို့သည်ကား ပရမတ်၏ သဘောအမှန်ကို မသိနိုင်ကြပေ။ အကောင်အထည် ပုံဟန်များက ဖုံးအုပ်ထားသဖြင့် ပညတ်များအပေါ်တွင်သာ စိတ်အစဉ် ကျက်စားနေလေ့ရှိကြပေ၏။ အရိယာသူတော်ကောင်း များသည်သာ လူကောင်နတ်ကောင် အရာဝတ္ထုစသည့် အထည်ဒြဗ်များကိုခွာ၍ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို သိနိုင်ကျက်စားနိုင်ပေ၏။ ထို့ကြောင့် ပုထုဇင်များအနေဖြင့် မည်မျှပင် ပညတ်ပရမတ် ကွဲသည်ဟုဆိုသော်လည်း ထိုကွဲပြားသိမှုသည် ပညတ်သိမျှသာ ဖြစ်နေပြီး အရိယာ အဖြစ်ရောက်မှသာ ပညတ်ကိုခွါ၍ ပရမတ်အသိဖြင့် သိနိုင်ကြကြောင်း ဆိုခြင်းဖြစ်၏။
ထင်ရှားသည့် သာဓကတစ်ခုအားဖြင့် ပြရလျှင် “လူသွားသည်”ဟူသည့် သဘောကို ပုထုဇင်တို့က လူအထည်ကိုယ်ကြီး သွားသည်ဟု ထင်မြင်ကြမည် ဖြစ်၏။ အရိယာတို့ကား ထိုသို့မမြင်။ “လူသွားသည်”ဟု ဆိုရာတွင် အမှန်စင်စစ် လူကောင်းကြီးသွားသည် မဟုတ်၊ သွားနိုင်သည့် လူကောင်ကြီးဟူသည် မရှိ၊ သွားလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာမှုကြောင့် ၀ါယောဓာတ် လွန်ကဲပြီး လိုရာသို့ ပို့ပေးနိုင်သည့် သတ္တိထူး ၀ိညတ်ရှိသည့် စိတ္တဇရုပ်များ ဖြစ်ပေါ်လာကာ ထိုဝိညတ်နှင့်တကွ ၀ါယောဓာတ်တို့၏ တွန်းထိုးလှုပ်ရှားမှုကြောင့်သာ ရုပ်ကလာပ် အစုအဝေးတို့၏ နေရာမှ ရွေ့လျားမှု ဖြစ်ခြင်းသာ ဖြစ်သည်ဟု မြင်ကြ၏။ ဤကား ပညတ်အသိရှိသည့် ပုထုဇင်များ၏ ပညတ်အမြင်နှင့် ပရမတ်အသိရှိသည့် အရိယာတို့၏ ပရမတ်အမြင် ကွဲပြားမှုပင် ဖြစ်ပါ၏။ ထို့ကြောင့် ထိုသို့သော အမြင်အသိ မတူမှုများကြောင့် ပညတ်နှင့် ပရမတ်တို့သည် သိရှိကွဲပြားရန် ခက်ခဲလှကြောင်း ဆိုခြင်း ဖြစ်ပါ၏။
ဆိုလိုသည်မှာ ပညတ်နှင့် ပရမတ်တို့သည် သဘောသွားချင်း မတူသကဲ့သို့ အကျိုးပြုပုံချင်းလည်း မတူညီကြောင်း ဆိုလိုပါ၏။ ပညတ်သည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောရှိပြီး ပရမတ်သည် မဖောက်မပြန် တစ်သမှတ်တည်း တည်နေသည့် သဘောရှိကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ထိုသို့ သဘောသွားချင်း မတူသော်လည်း ဆက်စပ်မှု ရှိနေသဖြင့် ပညတ်သဘောမှ ပရမတ် သဘောတရားများကို ထုတ်ယူကြရန်နှင့် ပညတ်သိမှ ပရမတ်အသိ အထိရောက်ရန် အားထုတ်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ ပညတ်အစွဲမှသည် ပရမတ်ကွဲသည်အထိ ကြိုးစားကြရန် ဖြစ်ပါ၏။ ပညတ်မှသည် ပရမတ်ကို ထုတ်ယူရမည် ဖြစ်သဖြင့် ပညတ်ကို ပယ်ရမည်မဟုတ်ဘဲ ပညတ်ကို ပညတ်အတိုင်းထားကာ ပရမတ်အမြင်ဖြင့် မြင်နိုင်ရန် အားထုတ်ရမည်သာ ဖြစ်ပါ၏။ ထိုသို့ မဟုတ်လျှင် ပရမတ်အမှန်လည်းမမြင် ပညတ်သဘောလည်း မသိဘဲ နေရာတကာ လိုလျှင်ပရမတ်၊ မလိုလျှင် ပညတ်ဟု ဆိုတတ်သည်အထိ အမှတ်မှားတတ်ပေ၏။
ထို့ကြောင့် ပညတ်နှင့်ပရမတ်တို့၏ သဘောသဘာဝကို ဉာဏ်ဖြင့်မသိနိုင် သေးသော်လည်း သညာသိဖြင့် အကောင်းဆုံးသိကာ အမှားအမှန် ခွာခြားနိုင်စေဖို့ ကြိုးစားအားထုတ်ကြရန်နှင့် ထိုမှတစ်ဆင့်တက်ကာ ပညတ်အသိမှ ပရမတ်အသိအထိ သိရှိနိုင်စေဖို့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းရင်း ဗုဒ္ဓစာပေလာ ပညတ်နှင့် ပရမတ်အကြောင်း တစ်စေ့တစ်စောင်းကို စေတနာအားဖြင့် မိတ်ဆက်စကား ပါးလိုက်ရပါသည်။
ကျမ်းကိုး = သင်္ဂြိဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 2:22 PM
စုစည်းထားမှု = ဓမ္မရသစာစုများ
Read more...




